Unicode
ပထမစာသင်ချိန် ပြီးလေပြီ။
သန့်စင်ခန်းက ပြန်လာသည့် ဖီးလစ်တစ်ယောက် နောက်ကျောမလုံသလို ခံစားနေရသည်။ အကြောင်းက သူ့အနောက် တစ်ယောက်ယောက်လိုက်ကြည့်နေသလို ခံစားနေရသည်မို့။အခန်းမရောက်ခင် သုံးကြိမ်မြောက် လှည့်ကြည့်မိတော့ လှေကားကနေ လှစ်ခနဲပြေးဆင်းသွားသည့် လူတစ်ယောက်အား မြင်လိုက်ရ၏။ ရင်းနီးနေသလို ခံစားရသော်လည်း အတည်မပြုနိုင်။
သူလည်း ဘယ်သူမှန်း သိချင်တာမို့ အနောက်ကနေ လိုက်ကြည့်တော့ ကျောင်းအနောက်ဘက်၌ပင် ထိုအရိပ်ဟာ ပျောက်ကွယ်သွားတော့သည်။ ဟိုဒီဝေ့ရှာဖို့ ပြင်လိုက်သော်လည်း တစ်ပြိုင်နက်တည်း သူ့ပါးစပ်အား လာပိတ်သည့် လက်ကြီးကြီးတစ်ခု။ ဒီအထိအတွေ့ကို သူ မှတ်မိပါသည်။ မနေ့က သူ့အား အတင်းအကြပ်လုပ်တုန်းက ခံစားခဲ့ရသည့်...။
"မအော်နဲ့... ငါပါ"
ဟွမ်ဟျွန်းဂျင်းက ဖီးလစ်၏ နှုတ်ခမ်းသားများပေါ်မှ လက်ကို ရုတ်သိမ်းလိုက်တော့ သူ့ဆီ ပြစ်ဝင်လာသည်က ခပ်လှလှမျက်စောင်းတစ်ခု။
"မင်း ဘာအရူးထနေတာလဲ ဟွမ်ဟျွန်းဂျင်း"
"မင်းကရော အန္တရာယ်မကြောက် ဘာမကြောက် ဘာလို့ လိုက်ချောင်းတာလဲ။ မတော်လို့ ငါ့နေရာမှာ လူသတ်သမားဆို မင်း သေနေလောက်ပြီ"
"ငါ့အထင်တော့ ဒီတလောကလုံးမှာ အန္တရာယ်အများဆုံးက မင်းလေ"
"ဒီကောင်လေးတော့ ငါ လုပ်လိုက်ရ!"
ဖီးလစ်ခေါင်းကို ရိုက်ဖို့ လက်ရွယ်လိုက်သည်ဟု ထင်လိုက်ရသော်လည်း ခေါင်းပေါ်ကျလာသည်က နူးညံ့ညံ့အထိအတွေ့တစ်ခုသာ ဖြစ်၏။ ဟျွန်းဂျင်းက ဖီးလစ်၏ ဆံသားများအား ဖွပြစ်လိုက်ပြီး ထိုကြက်ပေါက်လေး၏ လက်ကိုဆွဲလို့ နံရံဆီသို့ ခေါ်သွားသည်။
"မင်း အရင်တက်မလား။ ငါ အရင်တက်ရမလား"
"ဘာလဲ။ ဘာလို့ ငါက နံရံကို ခွကျော်ရမှာလဲ"
"ဘာလို့ရမှာလဲ။ မင်းက ငါနဲ့အတူ ကျောင်းပြေးမှာမို့လို့လေ"
"ဘာပြောတယ်?"
ဖီးလစ်လည်း မယုံကြည်နိုင်ပေ။ ဒီတစ်ယောက် ဘာဆေးတွေ မှားစားထားလို့ ဒီလိုတွေ လာလုပ်နေရသလဲ သူမသိ။
YOU ARE READING
HyunLix | Can you STAY 4ever?
Fiksi Penggemar"ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ နာမည်မတပ်နဲ့။ မဟုတ်ရင် ရုန်းမထွက်နိုင်ပဲ နေမယ်" "ရုန်းထွက်ဖို့ရော လိုသေးလို့လား" [Lix x SKZ] [Hyunlix | Minsung Myanmar Fiction] This is just fanfiction, so don't take the contents used in this fiction too seriously ~ I h...