Part 11

207 29 14
                                    

Unicode

အဖေ့ကြည့်ရတာ အတော်ဒေါသထွက်နေပုံရသည်။ ဖီးလစ်အား အော်ဟစ်ကြိမ်းမောင်းရင်း လည်ပင်းကိုလည်း ညှစ်ထားသေး၏။

"အဖေ...ကျွန်တော် နာတယ်"

"နာတော့ နာတတ်သေးတယ်ပေါ့ ဟုတ်လား။ ယောက်ျားတကာနဲ့ အလေလိုက်နေတတ်တဲ့အကျင့်က မင်းအမေဆီက ရထားတာလား ဟမ်။ ပြောစမ်း။ ဘယ်မလဲ မင်းရည်စား။ ခုနက ဖုန်းထဲမှာပြောတော့ အိမ်ကို လိုက်ပို့မယ်လေး ဘာလေးနဲ့"

ဖီးလစ် အဖေ့လက်ကို ကုပ်ခြစ်ရင်း လွတ်အောင်ရုန်းဖို့ ကြိုးစားနေခဲ့သည်။ အသက်ရှူရ အတော်ခက်ခဲလာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာတော့မှ အဖေက သူ့အား လွှတ်ပေးလိုက်တော့သည်။

"ဒါက မင်းအတွက် သင်ခန်းစာပဲ။ နောက်ဆိုရင် ငါက လာဆိုရင် ချက်ချင်းလာခဲ့။ တစ်စက္ကန့်တောင် နောက်မကျစေနဲ့။ ကြားလား"

"အဟွတ် အဟွတ်..."

အဖေ့လက်ထဲကနေ လွတ်မြောက်သွားကာမှ အသက်ကိုအသဲအသန် လုရှူနေရတော့သည်။ ပြောင်းလဲသွားခဲ့ပြီထင်ခဲ့ပေမယ့်လည်း ဖီးလစ်ကိုက တုံးအခဲ့တာပဲ။ လူ့စရိုက်ဆိုတာ ထင်ထားသလောက် လွယ်လွယ်နဲ့ ပြောင်းလဲတတ်တာကျလို့...။

"ငါ ပြောနေတာ ကြားလားလို့ မေးနေတယ်လေ"

"ဟုတ်...ကြား...ကြားပါတယ်"

"ကြားရင်ပြီးတာပဲ။ အလုပ်သွားရဦးမယ်မလား။ သွားဖို့ပြင်တော့။ အေး မှတ်ထားနော်။ မင်းရလာတဲ့ လုပ်အားခကို ငါ့ကို အကုန်ပြန်အပ်ရင်အပ်။ မအပ်ရင် မင်းအမေရဲ့ အရိုးပြာအိုးကို နောက်တစ်ခါထပ်တွေ့ရမယ်မထင်နဲ့"

"အဖေ ကျွန်တော့်အိတ်ကို မွှေထားတာလား။ အမေ့ပြာအိုးတော့ မထိပါနဲ့ဗျာ။ ကျွန်တော် အဖေပြောသမျှ အကုန်နာခံနေတာပဲမလား"

"နားညီးတယ်။ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ။ စကားအပိုတွေမပြောနဲ့။ သွားစရာရှိတာ သွားတော့"

ဖီးလစ်တကယ် သိပ်ကို မှားသွားခဲ့သည်။
သူ့ဘက်ကစလို့ အဖေ့အိမ်မှာ နေခွင့်တောင်းခဲ့မိတာကလည်း သိပ်ကို မှားခဲ့သည်။ ကိုယ့်အိတ်ကိုယ် သေချာမသိမ်းမိတာကလည်း သိပ်ကို မှားခဲ့သည်။ အမေ့ကို အဖေနဲ့ စိတ်ချလက်ချထားခဲ့မိတာကလည်း သိပ်ကို မှားခဲ့သည်။

HyunLix | Can you STAY 4ever?Where stories live. Discover now