Part 9

212 28 4
                                    

Unicode

"အီယုံဘို့!"

အခန်းပေါက်ဝမှ လှမ်းခေါ်သူက ဟွမ်ဟျွန်းဂျင်း။
ဟျွန်းဂျင်းက သူနဲ့ ဆရာ့ဆီလျှောက်လို့လာပြီး သူ့လက်ကိုဆွဲလို့။

"ဘာမှမဖြစ်ဘူး ဆရာ။ ဒီကောင်လေးကို ကျွန်တော် စတာ နည်းနည်းလွန်သွားလို့ စိတ်ဆိုးသွားတာပါ"

"အာ...မင်းတို့ကလည်းကွယ်။ အတန်းဖော်တွေ အချင်းချင်းကို တည့်အောင်နေမှပေါ့။ တိုင်တာ တန်းတာတွေပဲ စိတ်ဝင်စားမနေနဲ့ ယုံဘို့။ သူငယ်ချင်းက ခင်လို့ စတာပဲကို။ ကလေးတွေလို အထိမခံဖြစ်နေစရာလား။ သဘောထားကြီးမှပေါ့။ ကဲ...ပြောစရာက ဒါပဲဆိုရင် ဆရာသွားဦးမယ်။ အစည်းဝေးရှိသေးလို့"

"ဒါပေမယ့် ဆရာ..."

"ကဲ...ဆရာ မအားရတဲ့ကြားထဲ။ တော်ပြီလေ။ ဟွမ်ဟျွန်းဂျင်းလည်း ကျောင်းသားသစ်ကို သိပ်မစနဲ့ ကြားလား။ ဆရာ သွားပြီနော်။ တည့်အောင်နေကြ"

"ဟုတ်ကဲ့ပါ ဆရာ"

ဟွမ်ဟျွန်းဂျင်းက ဒီတစ်ခါတော့ မခုတ်တတ်သည့်ကြောင်လေးအလား လက်သည်းများကို ကုပ်ထားခဲ့သည်။ အတန်းတက်ချိန် ခေါင်းလောင်းတီးသွားပြီဖြစ်သော်လည်း ဟျွန်းဂျင်းက သူ့လက်အား မလွှတ်တမ်းဆုပ်ကိုင်ရင်း ခေါင်မိုးထပ်ဆီ အတင်းဆွဲခေါ်လို့သွားပြန်သည်။

"သိပ်သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား...။ ငါ မင်းကို သတိပေးထားခဲ့တယ်နော်။ ဒီလိုလုပ်လို့ ဒုက္ခရောက်မှာက ငါတစ်ယောက်ထဲ မဟုတ်ဘူးလို့။ မင်းမှာ စဉ်းစားဉာဏ်မရှိဘူးလား ဟမ်"

"ငါ သိသွားပြီ။ ငါ နားလည်ပြီ။ ငါ နားလည်ပြီမို့ ငါ့ကို သွားခွင့်ပေးပါတော့နော်။ ငါ ဒီကျောင်းကို ရောက်လာတယ်ဆိုတာက ငါ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ရုံ သက်သက်ပဲ။ ဘယ်သူနဲ့မှလည်း မရင်းနီးချင်သလို ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ်ချင်ဘူး။ တောင်းဆိုပါတယ်ကွာ။ ငါ့ကို ဒီတိုင်း လွှတ်ထားစမ်းပါ"

ဖီးလစ်၏ အသံတွေက တုန်ရီနေပြီး သိပ်ကိုခံပြင်းနေသည်မှာ သိသာသည်။ ဖီးလစ်လက်ကို ဆွဲထားသည့် ဟျွန်းဂျင်း၏လက်တွေက တင်းနေရာကနေ ပြေလျော့သွားခဲ့ပြီး။

HyunLix | Can you STAY 4ever?Where stories live. Discover now