Part 10

214 27 4
                                    

Unicode

ဟန်နဲ့ အီအန်တို့ အထဲကို ဝင်သွားတဲ့အခါ ဆွန်းမင်းက ဟျွန်းဂျင်းကို တစ်ချက်သာ‌ကြည့်လို့ မရှိသည့်လူလို သဘောထားပြီး ဖီးလစ်ကို တွဲလျက် ကားဆီခေါ်သွားသည်။ ဟျွန်းဂျင်းလည်း အနောက်ကနေ ပြေးလိုက်လို့ ကားတံခါးရှေ့ ပိတ်ရပ်လိုက်ပြီး။

"ငါ ခေါ်သွားမယ်"

"ဟန်က ငါ့ကို ခေါ်သွားခိုင်းတာ။ ငါက ဘာဖြစ်လို့ မင်းဆီထည့်ပေးလိုက်ရမှာလဲ"

"ငါ့ကိုပေးလို့ ပြောနေတယ်နော်။ အကောင်းပြောနေတုန်း ပေးလိုက်တာကောင်းမယ်"

ပြောပြောဆိုဆိုနှင့် ဖီးလစ်အား လက်မောင်းရင်းမှကိုင်ကာ ဆွဲလုလာသည်မို့ သည်းမခံနိုင်တော့သည့်အဆုံး ဖီးလစ် ထအော်လိုက်တော့သည်။

"ဟွမ်ဟျွန်းဂျင်း! မင်း ငါ့ကို လွှတ်ထားပေးလို့မရဘူးလား။ နောက်ပြီးတော့ မင်းကရော ဘယ်သူလဲ။ ငါ့ကို ဒီတိုင်း လွှတ်ထားပေးကြပါ။ ငါ့ဘာသာပြန်ပါ့မယ်"

ဖီးလစ် နှစ်ယောက်စလုံးဆီကနေ ရုန်းထွက်လို့ ယိုင်နဲ့နဲ့နှင့်သာ လျှောက်သွားတော့သည်။ ဟျွန်းဂျင်းလည်း ဖီးလစ်ကို စိတ်မချသည်မို့ အနောက်ကနေ ပြေးလိုက်သွားပြန်သည်။

"ဆွန်းမင်း...ယုံဘို့ရော"

ကားအနားသို့ ပြန်လာကြသည့် ဟန်နှင့်အီအန်တို့က ဖီးလစ်ကို မတွေ့သည်မို့ ဆွန်းမင်းအား မေးလာခဲ့သည်။

"သူ့ဘာသာပြန်မယ်ဆိုပြီး ထွက်သွားတယ်"

"အဲတာဆို ဟိုတစ်ယောက်ရော ဟွမ်ဟျွန်းဂျင်း..."

"သူလည်း အနောက်ကပြေးလိုက်သွားတာပဲ။ ငါလည်း ဘာလုပ်ရမှန်းမသိလို့ ဒီမှာပဲ နေခဲ့တာ"

"ဘာလို့သူ့ကို လွှတ်ပေးလိုက်ရတာလဲ။ ဟွမ်ဟျွန်းဂျင်းဆိုတဲ့ကောင်က ယုံရတာမဟုတ်ဘူး။ မနေ့ကလည်း ယုံဘို့ သူ့ကြောင့်နဲ့ ဒုက္ခရောက်ပြီးပြီ။ ငါတို့ လိုက်သွားရအောင်။ ငါ ယုံဘို့ကို စိတ်မချဘူး"

ကားအနက်လေးထိုးရပ်သည်က လမ်းဘေး ပန်းခြံတစ်ခု။ အတူထိုင်နေကြသည့် အရွယ်အစားကွာခြားသည့် ကိုယ်နှစ်ခုက အဝေးကနေ လှမ်းကြည့်ရင်တောင် ဟွမ်ဟျွန်းဂျင်းနှင့် လီဖီးလစ်မှန်း သိသာပါသည်။

HyunLix | Can you STAY 4ever?Where stories live. Discover now