Part 1

413 32 0
                                    

Unicode

"ယုံဘို့ကီ...အီယုံဘို့!"

နှစ်ခေါ်စာလောက် ဝေးသည့်နေရာမှ ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ဖီးလစ်နောက်သို့ လှည့်ကြည့်လိုက်သည်။

ဖီးလစ်ဟာ စမ်းချောင်းငယ်ထဲ ငါးမျှားနေတာဖြစ်ပြီး သူ့ရဲ့ အားကစားဘောင်းဘီကို ပေါင်တစ်ဝက်လောက်ထိ ခေါက်တင်ထားသေးသည်။ နေ့လည်စောင်းနေပြီဖြစ်တာကြောင့် ဝင်လုဆဲဆဲ နေမင်းအလင်းရောင်က ဖီးလစ်၏ မျက်ဝန်းများပေါ်သို့ တစ်စတစ်စကျရောက်နေသည်။

နိုင်ငံခြားစပ်တဲ့ ကပြားလေးဖြစ်သည့်အလျှောက် ဖီးလစ်ဟာ သူ့အမေနှင့် အတော်တူပါသည်။ မျက်နှာပေါ်က တင်းတိတ်ပျောက်လေးတွေကအစ ပြုံးလိုက်ရင် ကွေးတက်သွားတတ်တဲ့ မျက်ဝန်းတွေအဆုံး အမေနှင့်သာ တစ်ထေရာတည်း တူလှသည်။

"ယုံဘို့ရေ..."

သူ့နာမည်ကို ခေါ်လို့ ရေးကြီးသုတ်ပြာပြေးလာသူက ကော်ဖီဆိုင်ပိုင်ရှင် သူဋ္ဌေးဂျိုဖြစ်နေမှန်း သိလိုက်ရတာမို့ ကမန်းကတန်း ကုန်းပေါ်သို့ ပြေးတက်လာသည်။

"သူဋ္ဌေးဂျို...ဘာကိစ္စများ ဖြစ်လို့လဲဗျ။ ရေးကြီးသုတ်ပြာနဲ့"

သူဋ္ဌေးဂျိုဆိုသူက ဖီးလစ်အနားရောက်မှ အရှိန်သတ်လိုက်ပြီး ဖီးလစ်၏ ပုခုံးနှစ်ဖက်ကိုကိုင်လျက် မောဟိုက်နေလေသည်။

"ဝမ်းသာစရာ...ဝမ်းသာစရာ သတင်းပြောမလို့ ငါ့တူရေ"

"ဟုတ်။ ဘာကိစ္စများလဲ"

"မင်း...မင်း...မင်း ဆိုးလ်က xxx ကျောင်းမှာ ဝင်ခွင့်ဖြေထားတာလေ။ အဲတာ သူတို့က ဖုန်းဆက်တယ်။ ပညာသင်ဆုလျှောက်ထားတာကို လက်ခံလိုက်ပြီတဲ့။ ဝင်ခွင့်အောင်ပြီတဲ့"

"ဗျာ...တကယ်လား သူဋ္ဌေးဂျို။ ပျော်လိုက်တာဗျာ။ ကျွန်တော် ကျွန်တော် ဘာကိုအရင် စလုပ်ရမလဲတောင် မသိတော့ဘူး"

ဆိုးလ်က xxx ကျောင်း ဆိုတာ သူ့စိတ်ကူးထဲက ကျောင်းတော်ကြီး‌ပေ။ ယောက်ျားလေးသီးသန့်ကျောင်းဖြစ်ပြီး နာမည်ဂုဏ်သတင်းလည်း ကျော်စောသည့်အပြင် လူချမ်းသာမိသားစုတွေလောက်ပဲ တက်နိုင်သည့် ကျောင်းတစ်ခု။

HyunLix | Can you STAY 4ever?Where stories live. Discover now