Part 22

252 34 11
                                    

Unicode

"ငါ မှတ်မိသလောက်တော့လေ ငါ့ကို သိပ်မုန်းနေတဲ့လူတွေကပဲ ထိခိုက်အောင်လုပ်ကြတာ။ နာကျင်အောင်လုပ်ကြတာ။ မင်းကလည်း အဲသည့်လူတွေထဲက တစ်ယောက်အပါအဝင်ပဲမလား။ အဲဒါတောင် မျက်နှာပြောင်တိုက်ပြီး မမုန်းဘူး ပြောချင်နေသေးတယ်နော်။ ဘာလို့လဲ...ဟမ်။ ဘာလို့ ငါ့ကို သိပ်မုန်းနေခဲ့ရတာလဲ။ ငါ မင်းအပေါ် ဘာတွေများ လုပ်ခဲ့မိလို့လဲ"

"မဟုတ်ဘူး...ငါ မင်းအပေါ် နာကျင်အောင်လုပ်ခဲ့မိတာက မုန်းလို့မဟုတ်ဘူး။ အဲသည့်တုန်းက ဒီတိုင်း အမြင်မကြည်ခဲ့ရုံတင်ပါ"

ဟျွန်းဂျင်းက ပြောလက်စကို ရပ်လိုက်ပြီး ဖီးလစ်အနားတိုးကပ်လို့ လျော့ရဲကျနေသည့် အင်္ကျီလေးအား ဆွဲတင်ပေး၏။

"တကယ်တော့ မင်းအမေက ငါ့အဖေနဲ့ ပတ်သတ်ခဲ့ဖူးတယ်။ အမှန်တိုင်းပြောရရင် မင်းရဲ့အမေကြောင့် ငါတို့ရဲ့ မိသားစုလေးက အယိုင်ယိုင်အနဲ့နဲ့ဖြစ်ခဲ့ရတာမို့ ငါ မင်းအမေကို သိပ်မုန်းခဲ့တာ။ နောက်ပြီး ဂျီဆောင်းရဲ့အဖေနဲ့ ငါ့အဖေတို့က မင်းကို ပညာသင်ဆုရကျောင်းသားအဖြစ်နဲ့ ထောက်ပံ့မယ်ကြားတော့ ငါ မင်းကို သဘောမကျခဲ့ဘူး။ ဘာလို့ဆို မင်းသာ ငါတို့အနားရောက်လာခဲ့ရင် မင်းအမေ လုပ်ခဲ့သလိုမျိုး ငါ့အဖေကို ငါ့ဆီကနေ လုယူသွားမှာကြောက်ခဲ့တာ"

စိတ်မာပါတယ်ဆိုတဲ့ ဟွမ်ဟျွန်းဂျင်းလည်း ဖီးလစ်ရဲ့ အရှေ့မှာမှ ပထမဆုံးမျက်ရည်ကျခဲ့မိသည်။ ဟျွန်းဂျင်းပြောတာတွေကို နားထောင်မိတော့ ဖီးလစ်လည်း ရင်နာရပါသည်။

"ငါက ဘာလို့လုပ်ရမှာလဲ။ ငါက မင်းရဲ့အဖေကို ဘာလို့လုယူရမှာလဲ။ မင်း မသိလို့ပါ။ ငါ့အမေက အဲသည့်လို လူစားမျိုးမဟုတ်ခဲ့ဘူး။ ငါ့အဖေကြောင့် ဆန္ဒမပါပဲ လုပ်ခဲ့ရတဲ့အလုပ်တွေက အများကြီး။ မင်းသိလား။ ခုနက မင်း ငါ့အပေါ်လုပ်တဲ့ လုပ်ရပ်မျိုးလေ။ အဲဒါမျိုးကို ငါ သိပ်ကြောက်ခဲ့တာ။ ပြန်တွေးကြည့်တိုင်း နာကျင်ရလွန်းလို့ မတွေးမိအောင် မနည်းမေ့ဖျောက်ထားရတဲ့ မှတ်ဉာဏ်တွေကို မင်းက ပြန်ခေါ်ပေးလိုက်သလိုပဲ"

"တောင်းပန်ပါတယ်။ ငါ တကယ်တောင်းပန်ပါတယ်။ ငါ ပြန်ပြင်လို့ရဦးမလား။ ငါ့ကို တစ်ခါလောက် ထပ်ပြီး..."

HyunLix | Can you STAY 4ever?Where stories live. Discover now