Part 37

409 32 25
                                    

Unicode

ဖီးလစ် ဒီနေ့ ကျောင်းစောစောရောက်လာဖြစ်သည်။ ဖီးလစ်အား တစ်ယောက်တည်း စိတ်မချတာမို့ ဟန်၊ အီအန်နှင့် ဟျွန်းဂျင်းပါ အတူလိုက်ခဲ့၏။

ကျောင်းထဲဝင်ဝင်ချင်းမှာတင် ကျောင်းသားအချို့က သူတို့အနားကပ်လာကာ တောင်းပန်စကားဆိုသည်။

"အတန်းဖော်... ငါတို့ ဟိုနေ့က အပြုအမူတွေအတွက် တောင်းပန်ပါတယ်။ တကယ်တော့ ငါတို့လည်း ဆောမင်းကိုကြောက်လို့ ရေလိုက်ငါးလိုက် လိုက်လုပ်ရုံတင်ပါ"

"အဲသည့်တော့ မင်းတို့လည်း ပါတယ်ဆိုတဲ့သဘောပေါ့"

ဟွမ်ဟျွန်းဂျင်းက ပြောပြောဆိုဆိုနှင့် ထိုကျောင်းသားအချို့ထံ လက်ရွယ်လာသည်မို့ ဖီးလစ်နှင့် အီအန်က ဝိုင်းဆွဲရတော့သည်။

"ဟျွန်းဂျင်း ထားလိုက်ပါတော့... သူတို့က လာတောင်းပန်တာပဲကို"

ဖီးလစ်၏ အပြောကြောင့် ရှူးရှူးရှဲရှဲဖြစ်နေသည့် ဟျွန်းဂျင်းက တောက်တစ်ချက်ခေါက်သည်။

"ဒါပေမယ့် သူတို့က မင်းကို..."

"ငါ အခု ဘာမှမဖြစ်တော့ဘူးလေ။ လာပါ။ အတန်းထဲသွားရအောင်။ လူတွေကြည့်နေကြပြီ"

ဖီးလစ်က ဟျွန်းဂျင်းအား လက်မောင်းမှဆွဲခေါ်သွားပြီး အီအန်ကလည်း အနောက်ကနေ လုံးတုံးတုံးနှင့်ပြေးလိုက်သွား၏။

မုန့်စားဆင်းချိန်ဖြစ်သည်။
ဖီးလစ်တို့ လေးယောက်နှင့်အတူ ဆောချန်းဘင်း၊ ဂင်ဆွန်းမင်းနှင့် အီလီနိုးတို့ပါ အတူစုထိုင်နေကြသည်။ ဒီနေ့နေ့လည်စာကို ကြောင်ကြီးလီနိုးက ဝယ်ကျွေးသည်ဖြစ်ပြီး ဟန်ဂျီဆောင်းနှင့် တွဲတာတစ်နှစ်ပြည့်ဖြစ်တာကြောင့်။

"ဟန်နီး... မင်း ညနေကျရင် အားတယ်မလား။ တစ်နေရာသွားရအောင်"

"အားတော့အားပါတယ်။ ဒါပေမယ့် ယုံဘို့ကီနဲ့ အင်္ကျီသွားဝယ်မလို့ကို..."

ဟန့်အဖြေကို ကြားသည်နှင့် အီလီနိုးမျက်နှာမှာ ဆူပုတ်သွားရသည်။

"အချစ်ကလည်း ဒီလိုနေ့မျိုးကို ကိုယ့်အတွက်အချိန်မပေးဘူးလား"

You've reached the end of published parts.

⏰ Last updated: Jan 03 ⏰

Add this story to your Library to get notified about new parts!

HyunLix | Can you STAY 4ever?Where stories live. Discover now