Part 12

194 27 9
                                    

Unicode

"မင်းတို့ ဘာတွေပြောနေတာလဲ။ ခုနက စုံထောက်ကရော ဘာတွေမေးသွားသေးလဲ"

အခုရက်ပိုင်း အချိုးတွေပြောင်းနေသည့် ဟွမ်ဟျွန်းဂျင်းအား မျက်စောင်းနှင့်သာ ကြည့်လို့။

"ငါက ဘာဖြစ်လို့ ပြောပြရမှာလဲ"

"မပြောဘူးပေါ့...ရတယ်"

ပြောပြီး လှည့်ထွက်ဖို့ပြင်သည့် ဖီးလစ်အား လက်ကောက်ဝတ်ကနေ ဆွဲလှည့်လို့ ခါးသွယ်သွယ်ကို ပွေ့ပိုက်ထားလိုက်သည်။

"ငါ မင်းကို နမ်းရမလား"

"မင်း...ဘာ...ဘာလုပ်တာလဲ။ လူတွေ အများကြီးရှိတဲ့ဟာကို"

"အာ...မင်းက လူတွေမရှိတဲ့နေရာမှာ လုပ်ချင်တာလား။ ရတယ်လေ"

"မဟုတ်..."

စကားပြောချိန်ပင် မရလိုက်ပါ။
သူတို့ရပ်နေသည့် အနောက်ဘက်က တံခါးကို တွန်းဖွင့်လိုက်တော့ အားကစားပစ္စည်းတွေထားသည့် အခန်းထဲသို့ ရောက်လို့သွားသည်။ ဖီးလစ်၏ ကိုယ်သေးသေးလေးအား ဘက်တံတွေ တင်ထားသည့် စင်နှင့်ဖိကပ်ထားလိုက်ပြီး။

"ဇာတ်လမ်းဆက်ကြတာပေါ့"

ဖီးလစ်၏ ကျောင်းအင်္ကျီအောက် လက်တိုးလျှိုလာသော ဟျွန်းဂျင်း။

"ဟွမ်ဟျွန်းဂျင်း! မလုပ်နဲ့"

"မင်းက စကားကောင်းကောင်းပြောလို့မှ မရတာ"

ဖီးလစ်၏ နားနားကပ်လို့ နှစ်ယောက်တည်းကြားနိုင်ရုံ‌လောက် လေသံနှင့် ပြောလိုက်ခြင်းဖြစ်သည်။ ပြီးတဲ့နောက် ဖီးလစ်၏ နားသီးဖျားလေးအား နှုတ်ခမ်းနှင့်ကိုက်လိုက်ပြီး အနမ်းတွေ နယ်ချဲလို့ ပါးပြင်တွေဆီ ဆင်းလို့လာ၏။

"ဟွမ်ဟျွန်းဂျင်း...မင်း လွန်မလာနဲ့နော်"

ဖီးလစ်၏ စကားသံများကို နားမထောင်အားပါ။ ဘာလို့ဆို သူ မနမ်းဖူးသည့် ပါးပြင်လေးက မိုချီလေးလို အိစက်နေပြီး သိပ်ကိုအရသာရှိလွန်းသည်မို့။ ပါးပြင်တွေမှ တစ်ဆင့် နှုတ်ခမ်းဖူးဖူးအား နမ်းဖို့ပြင်တော့ ဖီးလစ်က သူ့နှုတ်ခမ်းအား လက်နဲ့ ပိတ်လိုက်၏။

HyunLix | Can you STAY 4ever?Where stories live. Discover now