Unicode
အဖေက အပြင်သို့ထွက်ရန်ပြင်နေသည့် သူ့အား လက်ကောက်ဝတ်မှဆွဲလို့ ကြမ်းပြင်ပေါ် ပြစ်ချလိုက်ပြီး။
"ငါ့...ငါ့မှာ အကြွေးတင်နေတယ်။ ဒီချေးငွေလုပ်ငန်းက ဘာအမြတ်မှ မရတာကြာပြီမို့ သူတို့က ပိတ်ပြစ်တော့မှာကွ။ ငါလည်း ဘာမှမတတ်နိုင်လို့ အခုလိုလုပ်ရတာ။ မင်းသာ သူတို့ဆီမှာ သုံးနှစ်လောက်ဖြစ်ဖြစ် အလုပ်သွားလုပ်ပေးရင် ငါ့အကြွေးတွေက ကျေသွားမှာ"
"အဲတာဆိုလည်း အဖေ့ဘာသာ သွားလုပ်ပါလား။ အဖေ မူးယစ်ဆေးတွေသုံးပြီး အကြွေးတွေတင်နေတာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
အဖေ့ကို အသံကျယ်ကျယ်နှင့် အော်ပြောမိတော့ ပြန်ရလိုက်သည်က အားပြင်းပြင်းလက်ဝါးတစ်ချက်။
"ငါ့ကို ပြန်ပြောရဲတယ် ဟုတ်လား။ မင်းက မင်းအမေအတိုင်းပဲ။ ငါ့ကို ဒုက္ခပေးဖို့ပဲ မွေးလာခဲ့တာ။ ဒါပေမယ့် မင်းကြည့်လေ။ ငါ့စကားကို နားမထောင်ခဲ့လို့ မင်းအမေ ဘယ်လိုဖြစ်သွားရလဲ မင်း မြင်တယ်မလား။ မင်းရော အဲသည့်လို ဖြစ်ချင်လို့လား"
"အမေလုပ်တာ မှန်ပါတယ်။ အဖေ့လို လူမျိုးရဲ့ လက်ထဲမှာ ဒုက္ခခံပြီး နေရတာထက်စာရင် သေသွားတာကမှ အဓိပ္ပါယ်ရှိဦးမယ်။ အဖေ ကျွန်တော်နဲ့ အမေ့ကို ဘာလို့များ အဲသည့်လောက်တောင် မုန်းနေရတာလဲ ဟမ်။ ဘာလို့လဲ!"
"ဘာဖြစ်လို့လဲ သိချင်တယ် ဟုတ်လား။ ရတယ်။ ငါပြောပြမယ်။ မင်းအမေကလေ မင်းကို ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်တုန်းက သူ့ကိုယ်သူ အပျိုပါဆိုပြီး ငါ့ကို လိမ်ပြီးလက်ထပ်ခဲ့တာ။ လက်ထပ်ပြီး နှစ်လနေမှ သိလိုက်ရတာက သူ့မှာ ကိုယ်ဝန်လေးလရှိနေပြီတဲ့လေ။ မင်း ပြောစမ်း။ မင်းအမေက ငါ့ကို အရင် သစ္စာဖောက်သွားခဲ့တာ မဟုတ်ဘူးလား။ အဲသည့်တော့ ငါကရော ငါ့အပေါ် လိမ်ညာခဲ့တဲ့ မိန်းမကို ဘာလို့ ကောင်းပေးနေရဦးမှာလဲ။ ငါ့သွေးမဟုတ်တဲ့ မင်းကိုရော ဘယ်စိတ်နဲ့ လက်ခံရဦးမှာလဲ!"
ဒီအကြောင်းတွေကို သူ မသိခဲ့ရိုးအမှန်ပါ။
အဲတာကြောင့်မို့လို့ ဒီအတောအတွင်း အဖေက သူ့ကို သိပ်မုန်းနေခဲ့သည်ဆိုတာ သိရတော့ ရင်ထဲတစ်ဆစ်ဆစ်နှင့် နာကျင်မိပါ၏။
YOU ARE READING
HyunLix | Can you STAY 4ever?
Fanfiction"ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ နာမည်မတပ်နဲ့။ မဟုတ်ရင် ရုန်းမထွက်နိုင်ပဲ နေမယ်" "ရုန်းထွက်ဖို့ရော လိုသေးလို့လား" [Lix x SKZ] [Hyunlix | Minsung Myanmar Fiction] This is just fanfiction, so don't take the contents used in this fiction too seriously ~ I h...