Unicode
ဟျွန်းဂျင်းလည်း အခန်းအပြင်ရောက်မှ စိတ်ကို လွှတ်ချလိုက်၏။ သူထင်တာတော့ ယုံဘို့က သူကလွဲရင် ကျန်တဲ့လူတွေအားလုံးအပေါ် သိပ်ချိုသာလွန်းသည်။
အမှန်တော့ ဟျွန်းဂျင်း အဲသည့်နေ့က ယုံဘို့ဆီ ပြန်ဖြစ်ခဲ့ပါသည်။ ဒါပေမယ့် သူပြန်ရောက်တော့ တွေ့လိုက်ရသည်က ဘန်ချန်း၏ ရင်ခွင်ထဲ၌ အပူပင်ကင်းကင်းလှဲအိပ်နေသည့် ယုံဘို့။ တကယ်ဆို အမှန်က သူဖြစ်သင့်တာမလား။ အဲသည့်မနက်တုန်းကလိုမျိုး ယုံဘို့ကို ပွေ့ပိုက်ထားပေးချင်ခဲ့ပေမယ့် ယုံဘို့ကတော့ ဘယ်သူ့ကိုမဆို လွယ်လွယ်နဲ့ ယုံကြည်ပေးခဲ့တာပဲ။ ဘယ်သူ့ရင်ခွင်ထဲမှာမဆို အပူပင်ကင်းကင်းနဲ့ အိပ်နိုင်တော့လည်း သူ နှောင့်ယှက်မနေတော့ပဲ ပြန်လှည့်ထွက်လာရုံသာ တတ်နိုင်သည်ပေါ့။
ယှဉ်ကြည့်မယ်ဆိုရင်တောင် သူက အစ်ကိုချန်းနဲ့ ဘယ်နေရာများ ယှဉ်နိုင်မှာမို့လို့လဲ...။
______________________________အချိန်ကား 7 နာရီ။
VIP တွေပဲ ဝင်လို့ရသည့် Club ၏ အထူးခန်းတစ်ခန်း၌ စုဝေးနေကြသည်က ကောင်လေးရှစ်ယောက်။
ဖီးလစ်လည်း သူ့ကို စိုက်ကြည့်နေတာကြာပြီဖြစ်တဲ့ ဟွမ်ဟျွန်းဂျင်းကို လျစ်လျူရှုလို့ လက်ထဲက ဝိုင်ခွက်အား မော့ချလိုက်၏။
ထိုစဉ် လီနိုးက ဟန့်ပုခုံးကို ဆွဲဖက်လို့ ပြောလာခဲ့သည်။
"ဒီလိုအချိန်ဆို မပါမဖြစ်တာက Game ပဲမလား။ ငါတို့ ဘာ Game ဆော့ကြမလဲ။ အငယ်လေး ဘာဆော့ချင်လဲ ပြော"
"အင်း...ဟိုဟာဆော့ကြမယ်။ ဘာခေါ်လဲ။ တစ်ယောက်က ကိုယ်မလုပ်ဖူးတဲ့အရာကို ပြောရမယ်။ ကျန်တဲ့လူတွေက သူတို့လုပ်ဖူးနေတာနဲ့တူနေရင် လက်ချိုးရတာမျိုးလေ။ လူများတော့ ပျော်ဖို့ကောင်းမှာသေချာတယ်။ လက်ငါးချောင်းလုံး ပြည့်သွားတဲ့သူက ဒီနေ့ရဲ့ အထူးဝိုင်ကို သောက်ရမယ်"
"ကောင်းပြီ။ ကစားကြတာပေါ့။ အစ်ကိုချန်းက အကြီးဆုံးဆိုတော့ အစ်ကို အရင်စ"
ပထမဆုံးမြှားဦးက ဘန်ချန်းဆီရောက်လာတာမို့ ဘန်ချန်းလည်း သောက်ဖို့ပြင်နေသည့် ဝိုင်ခွက်အား မသောက်တော့ပဲ ပြန်ချလိုက်ရင်း Game ကို စတင်လိုက်တော့သည်။
YOU ARE READING
HyunLix | Can you STAY 4ever?
Fanfiction"ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ နာမည်မတပ်နဲ့။ မဟုတ်ရင် ရုန်းမထွက်နိုင်ပဲ နေမယ်" "ရုန်းထွက်ဖို့ရော လိုသေးလို့လား" [Lix x SKZ] [Hyunlix | Minsung Myanmar Fiction] This is just fanfiction, so don't take the contents used in this fiction too seriously ~ I h...