Part 34 ⚠

329 25 21
                                    

Warning - This part may contain some kind of slightly sexual contents so read at your own risk i don't say too much ✧⁠ω⁠✧

Unicode

ဟျွန်းဂျင်း ဖီးလစ်၏ ပါးစပ်ပေါ်မှ လက်အားရုတ်လိုက်ရင်း နှုတ်ခမ်းပေါ်ကို ဖွခနဲတစ်ချက်မွှေးလိုက်သည်။

ဖီးလစ်မျက်နှာလေး ရဲခနဲဖြစ်သွားသည်ကို မြင်တော့ သဘောကျမိပါသည်။ ဖီးလစ်က သူ့နှုတ်ခမ်းသူ လက်ဖြင့်တို့ထိရင်း မေးလာခဲ့သည်။

"ကြိုက်လား..."

"ဆေးကိုဆိုရင်တော့ ဟင့်အင်း..."

ဟျွန်းဂျင်း၏ အဖြေကို ကြားတော့ ဖီးလစ်မျက်နှာလေး ပိုလို့တောင်ရဲတက်လာ၏။

"ငါ့ကို... ဆက်လုပ်စေချင်လား"

ဖီးလစ် ဘာမှပြန်မဖြေမိ။ မလိုချင်ဘူးလားဆို လိုချင်ပါသည်။ ဒါပေမယ့်လည်း အခုထိ လက်ခံဖို့က မရဲသေး။

"ဘာ... ဘာလုပ်မှာ?"

ဖီးလစ် သူ့ရဲ့ အသံဩရှရှနှင့် မေးလိုက်ခြင်းဖြစ်သည်။

"ကျစ်! ရိုးသားချင်ယောင် ဆောင်နေတာ တော်လို့ရမလား။ မင်းက ငါ့ကို ပို hard အောင်လုပ်နေတာပဲ"

ဟျွန်းဂျင်းစကား၏ ဆိုလိုရင်းကို သူနားလည်ပါသည်။ သို့သော်လည်း...။

"ငါ မင်းကို ဘာ... ဘာလုပ်နေလို့လဲ"

"ငါ့ကို ပိုလိုချင်အောင် လုပ်နေတာလေ။ တဖြည်းဖြည်းချင်း လောင်ကျွမ်းနေအောင်လို့..."

ဟျွန်းဂျင်း မိမိ၏ အင်္ကျီကြယ်သီးများအား အားပါပါနှင့် ဆွဲဖြုတ်လိုက်ပြီး သူ့အောက်ရောက်နေသည့် ဖီးလစ်၏ မေးရိုးများအား နမ်းရှိုက်လာသည်။ တဖြည်းဖြည်းချင်း ဆိုဖာထဲသို့ နစ်ဝင်နေသည့် ဖီးလစ်မှာလည်း အသက်ရှူဖို့ပင် မေ့လျော့လာရသည်။

"ဟာ့... ဟျွန်းဂျင်း..."

ဖီးလစ်၏ လည်ပင်းတစ်လျှောက် စုပ်ယူနမ်းရှိုက်လာတော့ ဖီးလစ်ဆီမှ ညည်းသံသဲ့သဲ့ထွက်လာခဲ့သည်။ ဖီးလစ်၏ လက်ချောင်းသွယ်သွယ်များက သူ့အား စိတ်ကြိုက်သုံးဆောင်နေသော ဟျွန်းဂျင်း၏ ဆံသားများကို ထိုးဖွပွတ်သပ်နေခဲ့သည်။ ဖီးလစ်ဝတ်ထားသည့် ဘောင်းဘီတိုက ဒူးလောက်အထိ ဖုံးနေသော်လည်း ဟျွန်းဂျင်းက ထိုဘောင်းဘီအောက် လက်လျှိုဝင်လို့ အပေါ်ရောက်သည့်အထိ တဖြည်းဖြည်းချင်း ပွတ်သပ်လာသည်။

HyunLix | Can you STAY 4ever?Where stories live. Discover now