Unicode
"ဘယ်လိုနေလဲ ကလေး"
"အင်း... အသက်ရှူရခက်တယ်။ အရမ်းဖက်ထားလို့"
ယုံဘို့သတိပြန်ရလာပြီဆိုတာ ကြားကတည်းက ဆေးရုံခန်းထဲအတင်းပြေးဝင်လာပြီး ခေါင်းအုံးပေါ်ကျောမှီရင်းထိုင်နေသည့် သူ့အား ပွေ့ဖက်ထားသော အီအန်က အခုထိမလွှတ်သေးပါ။
"အငယ်... လွှတ်တော့လေ။ နေမကောင်းတဲ့လူကို"
"လွမ်းလို့ပါဆို။ အစ်ကိုတို့က ကျွန်တော့်ကိုကျ နားလည်မပေးကြပဲနဲ့"
အီအန့်က မျက်နှာကိုမဲ့ရွဲ့ရင်း သူ့ခေါင်းကို ဖီးလစ်၏ ရင်ခွင်ထဲ တိုးဝှေ့နေသေးသည်။ ဖီးလစ်လည်း အသာပြုံးလို့ အငယ်လေးရဲ့ခေါင်းကို လက်ဖြင့်တစ်ဖတ်ဖတ် ပုတ်ပေးလိုက်ပြီး။
"အငယ်က ငါ့ကို အများကြီးလွမ်းနေတာပဲလား"
"လွမ်းတာပေါ့လို့။ ယုံဘို့က အချိန်အကြာကြီးအိပ်နေခဲ့တာကို"
အီအန်က ပြောရင်းနဲ့ ဖီးလစ်ရင်ခွင်ထဲကနေ ထွက်လို့ သူ့ခေါင်းကို ပုတ်ပေးခဲ့သည့် ဖီးလစ်၏ လက်ဖဝါးလေးအား ဆုပ်ကိုင်ထားခဲ့သည်။
အခန်းထဲမယ် လူစုံနေပြီဖြစ်တာမို့ ဖီးလစ်ကြုံတွေ့ခဲ့သည်များအား အားလုံးသိအောင် ပြောပြလိုက်သည်။
"ဆိုတော့... သေချာသလောက် ရှိသွားပြီပေါ့။ သူက မင်ဂျီအမ်းရဲ့ အမှုနဲ့ ပတ်သတ်နေတဲ့လူဆိုတာ"
ချန်းဘင်း၏ စကားကို ထောက်ခံသည့်နှယ် ခေါင်းအသာငြှိမ့်ပြလာသည်မို့ ဟန်က ဝင်ပြောလာခဲ့သည်။
"ဒါပေမယ့် သူက ဘာလို့ မင်းကို ရန်ရှာရတာလဲ။ ငါတို့ မင်ဂျီအမ်းကိစ္စနဲ့ ပတ်သတ်ပြီး သိပ်တောင်မလှုပ်ရှားရသေးဘူးကို..."
"မဟုတ်ဘူး... သူက ငါ့ကို ကယ်ခဲ့တာ"
ဖီးလစ်၏ အပြောကို ကြားတော့ အားလုံးက သူ့အား နားမလည်သလိုကြည့်လာကြသည်။
"ဆိုလိုတာက သူက ငါ့ကို ထိခိုက်အောင်လုပ်ခဲ့တယ်ဆိုတာ မှန်ပေမယ့် သူက ငါ့ကိုမသေစေချင်ခဲ့ဘူး။ အကယ်၍ သူသာငါ့ကို သတ်ချင်တယ်ဆိုရင် ဘာလို့ အန္တရာယ်ကင်းတဲ့နေရာမှာ ပိတ်လှောင်ထားခဲ့မှာလဲ။ စားသောက်ဆိုင်တစ်ခုလုံး မီးလောင်သွားတဲ့အခါ ငါလည်း ပါသွားမယ်ဆိုတာ သိနေတယ် သူက။ အဲဒါကြောင့်မို့လို့ ငါ့ကို အအေးခန်းထဲမှာ ပိတ်ထားခဲ့တာ။ နောက်ပြီး ငါ မှတ်မိသေးတယ်။ သူ့က ငါ့ကို တကယ်မထိခိုက်စေချင်ဘူးလို့ ပြောခဲ့သေးတာ"
YOU ARE READING
HyunLix | Can you STAY 4ever?
Fanfiction"ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ နာမည်မတပ်နဲ့။ မဟုတ်ရင် ရုန်းမထွက်နိုင်ပဲ နေမယ်" "ရုန်းထွက်ဖို့ရော လိုသေးလို့လား" [Lix x SKZ] [Hyunlix | Minsung Myanmar Fiction] This is just fanfiction, so don't take the contents used in this fiction too seriously ~ I h...