Unicode..
2037/
ဆူးရစ်မှာ ဓာတ်ပုံထဲမှ ပျောက်ဆုံးသွားသော ဆရာမလေးနှင့် ပတ်သပ်ပြီး တစ်ခုခု သိလိုသိငြား Hall tutor ဖြစ်သည့် တီချယ် ဒေါ် ဝင့်ဝါဖြိုးကို သွားမေးဖြစ်သည်။
ဆူးရစ် တီချယ်ဝင့်ဝါ အခန်းရောက်တော့ တီချယ်က စာရင်းစာအုပ်တွေနှင့် အလုပ်ရှုပ်နေသည်။
" တီချယ် ဝင်ခွင့်ပြုပါ"
" အေးအေး လာလေသမီး.."
" တီချယ်ထမင်းစားပြီးပြီလား"
" မစားရသေးပါဘူး သမီးရယ်။ကျောင်းက ပြန်လာတည်းက စာရင်းတွေနဲ့ အလုပ်ရှုပ်နေတာ။"
" အစာအိမ်ထိမယ်လေ တီချယ်ရဲ့ စားပြီးမှ လုပ်လည်း ရတာကို"
" ဟုတ်ပါပြီ"
" ဒါနဲ့ တီချယ် .. အရင်က Hall tutor က ဘယ်သူလဲဟင်.. ဒီကျောင်းမှာ တာဝန်ကျသေးလား?"
" ဘာလို့ သိချင်ရတာလဲ"
တီချယ်က စူးစမ်းဟန် မေးသည်။
" ဟီး ဓာတ်ပုံထဲမှာ တွေ့လိုက်တယ်။ အဲ့တီချယ်လေးက ချစ်စရာလေးမို့.."
" ဟုတ်ပါ့ ငါတို့ သူငယ်ချင်းက တစ်ကယ်ချောလည်းချော၊ ချစ်စရာလည်းကောင်းပြီး
စိတ်ထားလည်းဖြူစင်တယ်။ဒါပင်မယ့်.."" ဒါပင်မယ့် ဘာဖြစ်လဲဟင် တီချယ်.."
တီချယ်က မျက်နှာပျက်ပျက်နှင့် မပြောချင်စွာ စကားလွှဲသည်။
" တီချယ်ထမင်းစားလိုက်အုံးမယ်။ သမီးလည်း ပြန်တော့လေ .."
" ဟုတ် ဟုတ် တီချယ်။"
ဆူးရစ်မှာ အကြောင်းစုံကို သိရတော့မည်ဟု အားခဲပြီးကာမှ ယခုတော့ အူလည်လည်နှင့်သာ ပြန်လာရတော့သည်။
ဆူးရစ် အခန်းထဲ ရောက်တော့ ငယ်က ကျောင်းကပင် ပြန်ရောက်နေပြီ။
" မက အတန်းမတက်ဘူးလား..
ငယ်က ကျောင်းက ပြန်မလာသေးဘူးထင်နေတာ"" ငယ့်ကို ကျောင်းလိုက်ပို့ပြီးဆို အဆောင်ကို ပြန်လာတာ"
" ဟင် နေမကောင်းဘူးလား မှန်း.."
အနားကို တိုးကပ်ပြီး နှဖူးလေးကိုဖွဖွ စမ်းသည်။
ဆူးရစ်မှာ အသည်းထဲ ကလိကလိဖြစ်နေသည်မှာ မျက်နှာကိုပင် ပြုံးဖြီးစေသည်။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)