Unicode..
စာပါ အကြောင်းအရာများသည် စာရေးသူ၏
စိတ်ကူးသပ်သပ်သာဖြစ်ပါ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုခြင်းမရှိပါ။''''
2037ခုနစ်၊ဒီဇင်ဘာ 29ရက်၊
နံနက် 8:45 အချိန်..မှိုင်းညို့နေသော နှစ်ချို့ ကုက္ကိုလ်ပင်များရှိရာ
ကားလမ်းတစ်လျှောက် ကားတစ်စီးသည် တရွေ့ရွေ့နှင့် မောင်းနှင်လာသည်။လယ်ကွင်းတွေထဲ ဖြတ်၍ တိုက်ခတ်လာသော
လေစိမ်းစိမ်းတို့ကြောင့် ကားမှန်ကို တင်လိုက်သည်။" မေမေကျောင်းတက်ခဲ့တဲ့ မြို့ကလည်း တောကြီးကျနေတာပဲ သစ်ပင်ကြီးတွေကလည်း အကြီးကြီးတွေ။ ကြောက်ဖို့တောင် ကောင်းတယ်။"
သူမက ထိုသို့ပြောတော့ မေမေက ခပ်ဖွဖွလေး ပြုံးနေသည်။
ဒါရိုက်ဘာနေရာမှာ နေရာယူထားသော မာမီက
" အဲ့တာပြောတာပေါ့ ငယ်ငယ်ရယ် ရန်ကုန်မှာ နေပါလျက်နဲ့ ဒီလိုနေရာမျိုးမှာ ကိုယ့်သမီးကို ဘာလို့ ကျောင်းလာထားလည်း တွေးလို့ကို မရဘူး။ အစစအရာရာတိုးတက်နေရင်လည်း ထားတော့ အခုက..."
မာမီက မဆုံးနိုင်သော ကုက္ကိုလ်ပင်တန်းတွေကို စိတ်မသက်သာသလို မျှော်ကြည့်ရင်း ညည်းတွားသည်။
" ကဲ သဘောတူပြီးလို့ ဒီထိပဲ ရောက်လာပြီ။အခုမှ အပြစ်တင်လို့ မရတော့ဘူးလေ။ဆီဆာဘာလို့ ဒီနေရာကို ရွေးလည်း တစ်ချိန်ကျရင် သိလာမှာပါ။"
မာမီက ခေါင်းရမ်းရင်း သက်ပြင်းဖွဖွချသည်။
^^^
ဆေးရောင်တို့ ပြယ်လွင့်နေပြီဖြစ်သော အဆောက်အအုံကြီးရှေ့ မာမီက ကားကို ရပ်လိုက်သည်။
ထဘီနှင့် ရင်ဖုံးလက်ရှည်ကိုသာ ဝတ်ကြပြီး တလှုပ်လှုပ်နှင့် သွားနေကြသော ကျောင်းသူများကို ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကို ပြန်ရောက်သွားသည်ဟု ရွှန်းလသော်တာငယ်ထင်မိသည်။
တက္ကသိုလ်ဝန်းအစမှာ မမြင်မိသော ကျောင်းနာမည်ကို အခုမှ သေချာဖတ်မိသည်။
Ancient Economic Woman's University.
![](https://img.wattpad.com/cover/353405834-288-k325312.jpg)
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)