p - 18

928 55 7
                                        

Unicode..

မြူနှင်းမှုန်တို့က နေရာအနှံ့ကျဆင်းနေပေသည်။
အအေးဓာတ်သည် အသားထဲထိ စိမ့်တက်နေပြီး အနွေးထည် နှစ်ထပ်လောက်ပင် ဝတ်ထားသော်လည်း အချမ်းပြေသည်မထင်ပေ။

ငယ် ထမင်းစားခန်းထဲရောက်တော့ မာမီရော မေမေပါ
‌စားနှင့်နေပြီ။

" Morning မာမီ၊ Morning မေမေ.."

" Morning သမီးလေး."

မေမေက ပြန်နှုတ်ဆက်သော်လည်း မာမီက မနှုတ်ဆက်ပဲ ငယ့်ကို အကြာကြီးစိုက်ကြည့်နေသည်။

" သမီးခဏ မေမေပြောစရာရှိလို့"

မေမေထသွားသည့်နောက် ငယ်လိုက်သွားလိုက်သည်။
ထမင်းစား‌နေသော မာမီ့ကို လှမ်း‌မြင်နေရသည့် ထမင်းစားခန်း၏ တစ်ဖက်ခြမ်း အပေါ်ထပ်တက်သည့်
လှေကားရင်းသို့ မေမေက ခေါ်သွားသည်။

" သမီးမာမီ ဘာဖြစ်နေလဲ မသိပါဘူး။စိတ်ဆိုးနေတာလားမသိ။မေမေ့ကိုလည်း စကားသိပ်မပြောဘူး။သမီးတို့ တစ်ခုခုဖြစ်ထားကြသေးလား။"

မေမေက မာမီ့ကို တစ်ချက်တစ်ချက်လှမ်းကြည့်ရင်းပြောသည်။

" ဟိုဟာ..မနေ့ကတော့ သမီးအတွက် ဆွဲကြိုးဆိုပြီး လာပေးတယ်။သမီးလည်း ဒီဆွဲကြိုးကို ချွတ်လို့မရတာနဲ့ မေမေ့ကို ပေးလိုက်လို့ ပြောတာကို စိတ်ဆိုးသွားတာလားမသိ။"

ငယ်က လည်ပင်းမှာ ဆွဲထားသည့်ဆွဲကြိုးကိုဖွဖွကိုင်ပြီးပြောသည်။

" တစ်ခုခုတော့ ထူးဆန်းနေတယ် အရင်က အဲလိုမဟုတ်ပါဘူး။ဒါနဲ့ ကျောင်းက ဘာလို့ ပြန်လွှတ်လိုက်တာလဲ"

" မေမေ့ကို ဖုန်းဆက်ပြောတယ်လေ သရဲခြောက်တယ်လို့။ဖုန်းဆက်တုန်းကတော့ သရဲမက အဲလောက်မဆိုးသေးဘူး။နောက်ကျ လူပါ သတ်ပစ်လိုက်လို့ ကျောင်းပိတ်လိုက်ရတာ။"

" အို စိတ်ထားနူးညံ့တဲ့လူက ဘယ်လိုဖြစ်ရတာလဲ"

" ရှင်.. မေမေသိတာလား.."

မေမေက လက်အချင်းချင်း ဆုပ်နယ်နေရင်း ပြောသင့်မပြောသင့် စဉ်းစားနေဟန်။

" အင်း မေမေတို့က ကျောင်းနေဖက်တွေလေ။သူ့နာမည်က ပန်းဝတ်လွှာငုံဖူးတဲ့"

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now