p - 16

919 52 8
                                        

Unicode..

ကျောင်းတက်ရမည့် ရက်တို့သည် တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။ဝတ်လွှာနှင့် ကရီနာ၏ ကြားက ဆက်ဆံရေးသည်လည်း ပိုမို နက်ရှိုင်းလာသည်။သံယောဇဉ်ကြိုးတို့မှာ သူတို့နှစ်ဦးကြားရစ်ပတ်သထက်ရစ်ပတ်လာပြီး တစ်ယောက်ကို မမြင်ရသည်နှင့် နောက်တစ်ယောက်မှာ မနေနိုင်အောင် ဖြစ်လာရသည်။

အရည်အချင်းစစ်မည့် စာမေးပွဲရှိသောကြောင့် ကရီနာမှာ စာတွေကို အပြင်းအထန် လေ့လာနေသည်။ဝတ်လွှာမှာ ကရီနာ စာကျက်လျှင် စားရန် အချဉ်ထုတ်၊လက်ဖက်သုတ်၊အချိုရည်တို့ကို တစ်ရက်မပျက် ကျွေးသည်။

ကရီနာ မျက်နှာ ညှိုးတာ မခံပဲ အစစအရာရာ ဂရုစိုက် လုပ်ပေးသည်။အဆောင်သူတို့မှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောလာကြသော်လည်း ဝတ်လွှာမှာ ဂရုပင် မစိုက်။

အချိန်ကား ည ၉နာရီ..

" ကလေး အချိုရည် သောက်အုံးမလား.. တစ်ဘူးရှိသေးတယ်။အိပ်ချင်ပြေအောင် သောက်လိုက်လေ"

" မသောက်ချင်တော့ဘူး။ဗိုက်ပြည့်နေပြီ။လာ တီချယ် ဒီမှာ ထိုင်။ လေလေး တဖြူးဖြူးနဲ့ .. ကောင်းကင်ကြီးကလည်း သိပ်လှတယ် ကြည့်ရအောင်.."

ယှဉ်ချထားသော ထိုင်ခုံမှာ ကရီနာက ဝတ်လွှာကို ထိုင်ခိုင်းသည်။

" ဟုတ်ပါရဲ့ လကလည်း သာပြီး ကြယ်တွေကလည်း စုံလို့"

ဝတ်လွှာ၏ မျက်လုံးလေးတွေက အရောင်တောက်နေသည်။
ကရီနာမှာ ဝတ်လွှာကိုပဲ ကြည့်နေမိသည်။
လရောင်အောက်က ဝင်းဖန့်ဖန့်မျက်နှာလေးသည် ဘယ်အချိန်ကြည့်ကြည့် မျက်နှာမလွှဲမိအောင် စွဲဆောင် နိုင်လွန်းသည်။
ပြုံးယောင်သန်းနေသော နှုတ်ခမ်းပါးလေးသည် ကော်ဖီတွေလိုပင် လူကို စွဲလန်းစေမှာ မလွဲပင်။
ပန်းနုရောင် ဂါဝန်ကြောင့် ကလေးလေးနှင့် ပိုတူနေပြီး မျက်နှာလေးမှာလည်း ပန်းရောင်သန်းနေသေးသည်။

" တီချယ်.."

‌ခေါ်‌လိုက်သော ကရီနာ၏ အသံသည် ရင်ခုန်နှုန်းတွေနှင့် တုန်ရီလှိုက်မောနေသည်။

"ရှင်"

ကောင်းကင်‌ကို ငေးနေသော မျက်ဝန်းတွေသည် ဝတ်လွှာဘက်ကို လှည့်ကြည့်လာသည်။
ကရီနာသည် ဝတ်လွှာ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now