Unicode..
2037//
" ညက ငယ် အိပ်မက်ဆိုးတွေ မက်တယ်"
မျက်နှာသစ်ပြီး ပြန်လာသော ဆူးရစ်အား
ကုတင်ပေါ်မှာ ထိုင်နေသော ငယ်သည် မျက်နှာမကောင်းစွာ လှမ်းပြောသည်။ဆူးရစ်လည်း မျက်နှာသုတ်ပဝါနှင့် မျက်နှာကို သုတ်လိုက်ပြီး ငယ့်ဘေးကို သွားထိုင်ရင်း..
" ဘာအိပ်မက်တွေ မက်လို့လဲ ငယ်"
" အိပ်မက်ထဲမှာ အမျိုးသမီးနှစ်ယောက်ကို တွေ့တယ်။ပြီးတော့ သူတို့တွေ အချင်းချင်းငြင်းခုံပြီး ငိုနေကြတယ်။ ပြီးတော့.. ပြီးတော့.."
" ပြီးတော့ ဘာဖြစ်လည်းဟင် ငယ်လေး.."
ဆူးရစ် စိတ်အားထက်သန်စွာ မေးလိုက်သည်။
ငယ်က သက်ပြင်းဖွဖွရှိုက်ရင်း ဆက်ပြောသည်။
" အိပ်မက်ထဲက အမျိုးသမီးက ဒီက .."
ငယ်က ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်ပြီး
" ဒီက သရဲမနဲ့ တူနေတယ်"
" ဟင် "
ဆူးရစ် ထင်နေသည့် အတိုင်းပင်..
" အဲ့ထဲက မိန်းမငယ်လေးကလည်း ငယ်နဲ့တူနေတယ်.."
စိုးရိမ်ပူပန်သော မျက်နှာလေးနှင့် ပြောနေသည်ကြောင့် ဆူးရစ် ကရုဏာ သက်မိသွားသည်။
" ဘာမှ စိတ်ထဲ မထားပါနဲ့ငယ်ရယ် စိတ်လှုပ်ရှားပြီး မက်တာ ဖြစ်မှာပါ။ကျောင်းသွားရမှာမလား ရေချိုးတော့လေ.."
" ဟုတ်"
ငယ် ရေချိူးရန် သွားသည်အထိ ဆူးရစ် ထိုနေရာက မထမိသေး...
ငယ် ပြန်ဝင်လာသည်အထိ ထိုနေရာတွင် ထိုင်နေမိဆဲ။
အတွေးထဲ၌ ဒီကိစ္စတွေ ဘယ်လို ဆက်လုပ်ရမည်ဆိုတာကိုပင်။ဒီအတိုင်း ဆက်သွားပါက အဆောင်ပင် ပိတ်ရနိုင်သည်။" မ ဘာ ထိုင်လုပ်နေတာလဲ ရေသွားချိုးတော့လေ.."
ငယ်က ထဘီရင်လျားလေးနှင့် ပခုံးပေါ် သဘက်လေး လွှမ်းထားပြီး မျက်နှာပေါ် ရေသီးလေးတွေ တွဲခိုနေသည်။
ဆူးရစ် အတန်ကြာ ငေးကြည့်နေမိသော မျက်နှာလေးသည် နီရဲလာမှ ဆူးရစ် သတိဝင်ပြီး ..
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)