Unicode..
"ဝတ်လွှာကို ကိုကိုလက်ထပ်ထားချင်တယ်"
" ရှင်!"
" ညီမလေး သေချာစဉ်းစားပါ။သဘောတူရင် မသွားခင် လက်ထပ်ပွဲ လုပ်ထားချင်တယ်။"
ကိုကိုက ထိုသို့သာ ပြောပြီး ထသွားသည်။
ဝတ်လွှာမှာသာ အတွေးနယ်ချဲ့ရင်း......
2037ခုနှစ်//
" ကလေးရယ် လိမ်ညာခဲ့မိလို့ တောင်းပန်ပါတယ်။တကယ် ချစ်မြတ်နိုးမိခဲ့လို့သာ..."
" မယုံဘူး! လုံးဝ မယုံဘူး...တော်ပါပြီ အခုတင် တော်တော်စိတ်ဒုက္ခရောက်နေပြီမို့ ထပ်မချစ်ပါနဲ့တော့ မချစ်နဲ့ !.."
အော်ဟစ်ပြီး တွန်းထိုးရုန်းကုန်သံကြောင့် ဆူးရစ်နိုးလာတော့ ငယ်သည် ချွေးသံတရွဲရွဲနှင့်..
" ငယ်လေး .. ငယ်လေး.."
ခန္ဓာကိုယ်ကို လှုပ်နိုးနေသည့် အထိအတွေ့ကြောင့် ငယ် နိုးလာသည်။
ခန္ဓာကိုယ်တွင်လည်း ချွေးတွေသည် ရေချိုးထားသလားပင် ထင်ရသည်။ဆူးရစ် ဘေးနားတွင်ရှိသော ရေဘူးထဲမှ ရေခပ်ပြီး တိုက်ရသည်။
" အိပ်မက်ဆိုးတွေ မက်နေတာနဲ့တူတယ်"
တစ်ယောက်တည်းတိုးဖွဖွရေရွတ်လိုက်ပြီး
" ငယ်လေး အဆင်ပြေရဲ့လား.."
ငယ်သည် ရေသောက်ပြီး ခွေခွေလေး ပြန်လှဲသည်ကြောင့် ဆူးရစ်စိတ်ပူစွာ မေးလိုက်မိသည်။
" ဟုတ် အဆင်ပြေပါတယ်"
ရိုက်သံသဲ့သဲ့နှင့် ပြန်ဖြေသည့် အသံကြောင့် စိတ်မချသော်လည်း ထပ်ပြီး မမေးဖြစ်။
ဆူးရစ်သည် စိတ်ပူမှုတွေနှင့် ထိုညက ညလုံးပေါက်မိုးလင်းခဲ့ရလေသည်။
...
1991ခုနှစ်//
မောင်ဂုဏ်ရောင်ထည်နှင့်မပန်းဝတ်လွှာငုံဖူးတို့၏ဧည့်ခံပွဲဆိုသည့် စကားလုံးကြီးသည် ကိုကို့အိမ်၏ ဧည့်ခန်းတွင် ခန့်ညားထည်ဝါစွာ ရှိနေသည်။
ဝတ်လွှာတို့ နှစ်ယောက်၏ လက်ထပ်ပွဲကို အိမ်မှာပဲ အသိမိတ်ဆွေလောက်ဖိတ်ပြီး ကျင်းပဖြစ်သည်။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)