p - 21 (final)

2.2K 60 2
                                    

Unicode..

ဆီဆာအိပ်နေစဉ် အိပ်ယာ တဖက်ခြမ်းကို စမ်းလိုက်ရာ အေးစက်နေသည့် အိပ်ယာခင်း၏ အထိအတွေ့ကြောင့် အိပ်ယာက ထလိုက်ပြီး သံသာရိပ်ဝေကို လှမ်းခေါ်လိုက်သည်။သို့သော် ပြန်ထူးသံမကြားသောကြောင့် ရေချိုးခန်း၊အိမ်သာပါမကျန် လိုက်ရှာသော်လည်း မည်သည့် နေရာမှာမှ မတွေ့။
ထို့ကြောင့် အခန်းအပြင်ကို ထွက်ပြီး အော်ခေါ်လိုက်သည်။

" သံသာရေ.. သံသာ"

ဆီဆာ ခေါ်လိုက်သော်လည်း ပြန်ထူးသံကို မကြားရ ..။
ထို့နောက် ငယ်၏ အခန်းတံခါးမှာ ပွင့်နေသဖြင့် အခန်းထဲကို ဝင်လိုက်သည်။တံခါးဝရောက်သည့်အခါ..

* ဖလူး... ဖူး ဖူး..*

တစ်ယောက်ယောက်၏ ရေမွန်းနေသည့် အသံကို ကြားလိုက်ရသဖြင့် ရေချိုးခန်းထဲ အလျင်စလို ပြေးဝင်မိသည်။တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆီဆာမှာ ခဏမျှ ကြောင်အ သွားသည်။မြင်လိုက်ရသည်က
bathtub ထဲတွင် ခေါင်းကို နှစ်ထားသော ငယ့်ကို တွေ့လိုက်ရသည်။

" အို ငယ်ရယ်.."

ဆီဆာ ထင်လိုက်သည်က ငယ်သည် ကိုယ့်ကိုယ်ကို ရေနှစ်ပြီး သတ်သေနေ‌သည်ဟုပင်။
ဆီဆာမှာ ငယ့်လက်ကို သွားဆွဲလိုက်သည့် အချိန်တွင် တစ်ယောက်ယောက် တွန်းလိုက်သလို ပြန်ကန်ထွက်သွားပြီး ရေချိုးခန်း တဖက်က နံရံနှင့် ကျောကို စောင့်မိသွားသည်။

* အင့် အ!"

နာကျင်မှုကြောင့် ချက်ချင်းမထနိုင်ပဲ ခေတ္တညိမ်နေရသည်။

..
ဆူးရစ်မှာ ငယ် ဖုန်းဆက်ပြီးပြီးချင်း အလျင်စလိုထွက်လာခဲ့သည်။ငယ်တို့ခြံရှေ့ရောက်သည့်အချိန် ခြံတံခါးပိတ်ထားသောကြောင့် အထဲဝင်ရန်အခက်တွေ့နေသည်။
ခြံဝန်းတဝိုက်ကို အုတ်တံတိုင်း ခတ်ထားသောကြောင့် မည်သည့်နေရာက ဝင်ရမှန်း စဉ်းစားမရအောင် ဖြစ်နေသည်။နောက်ဆုံး တံခါးကနေ ကျော်တက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ငယ်ငယ်တည်းက အပင်တက်၊အမြင့်တွေကို တက်ခဲ့သဖြင့် ဆူးရစ်အတွက်မူ ထနုအရာသည် ခက်ခဲတဲ့ အရာတော့ မဟုတ်ပေ။

ခြံထဲဝင်လို့ ရသွားသော်လည်း အိမ်တံခါးမကြီးက ပိတ်ထားပြန်ရာ ကြံရာမရအောင် ဖြစ်နေပြီး အချိန်အတန်ကြာ ဟိုဟိုဒီဒီကြည့်ရင်း အကြံထုတ်နေမိသည်။
အပေါ်ထပ်ရှိ အခန်းတံခါးတစ်ခုမှာ ပွင့်နေသောကြောင့် အပေါ်ထပ်ကို တွယ်တက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဘေးနားတွင် ကုက္ကိုလ်ပင်ကြီး တစ်ပင်ရှိသောကြောင့် ထိုအပင်ပေါ်ကို တက်လိုက်ပြီး ပြတင်းပေါက်ကို လှမ်းကူးလိုက်သည်။ငယ့်ကို စိတ်ပူနေသောကြောင့် အခန်းထဲ မည်သို့ ရောက်သွားမှန်းပင် မသိလိုက်။

You've reached the end of published parts.

⏰ Last updated: Feb 28 ⏰

Add this story to your Library to get notified about new parts!

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now