p - 3

1.1K 69 6
                                    

Unicode..


ဒေါင် .. ဒေါင်

အချိန်ကား ည ခုနစ်နာရီ။

ရွှန်းလသော်တာငယ်သည် ပစ္စည်းများ နေရာချရင်း

အလုပ်ရှုပ်နေသလို သူ၏ အခန်းဖော်သည်လည်း

ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။

ခေါင်းလောင်းသံ ကြားသည်နှင့် တိတ်ဆိတ်နေသော အဆောင်ကြီးဆီမှ တရှပ်ရှပ် အသံတွေ ထွက်လာသည်။

" အခန်းဖော်လေးရေ အဝတ်အစားတွေ လဲထားနော်..။အချိန်ကျရင် သွားရမယ်"

ငယ် ခေါင်းသာညိတ်ပြလိုက်သည်။

" အာ ဒါနဲ့ အငယ်လေး နာမည်က ရွှန်းလသော်တာငယ်နော်။ မ နာမည်က ဆူးရစ်နွယ်တဲ့ ဒါပင်မယ့်

နွယ်ကို မကြိုက်လို့ ဆူးရစ်လို့ပဲ မှတ်ထားရင်ရပြီ။"

ဆူးရစ်က အခုမှ သတိရပြီး မိတ်ဆက်သည်။

" ဒါဆို ငယ်က ဘယ်လိုခေါ်ရမလည်း မမဆူးရစ်လား၊မမဆူးလား?"

" မလို့ပဲ ခေါ်ပါ အငယ်ရယ်.. မမဆူးရစ်တဲ့ မိန်းမဆန်လိုက်တာ"

ဆူးရစ်က ပြောရင်း တချောက်ချောက်ဖြင့် ကွန်ပျူတာနှင့် စာရိုက်နေပြန်သည်။

ခုနက တရှပ်ရှပ်ခြေသံတို့ဖြင့် ဆူညံနေသော အဆောင်ကြီးသည် အခု စာရိုက်သံ တချောက်ချောက်သာ ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

သူတို့ နှစ်ယောက် သတိမထားမိသည်က အပြင်အမှောင်ရိပ်တွင် ပြုံးပြီး ရပ်ကြည့်နေပါသော တစ်‌စုံတစ်ယောက်..

ထိုတစ်စုံတစ်ယောက်သည် လူလော..

ဝိဉာဉ်လော..

ငယ်က ဘာကိုမှ သတိမထားမိစွာ ဆူးရစ်၏ စကားကို ခပ်တိုးတိုးမကျေမနပ် ခွန့်တုံ့ပြန်သည်။

" သူက မိန်းမ မဟုတ်တာကျနေတာပဲ။"

ကွန်ပျူတာကို အာရုံစိုက်ထားသော ဆူးရစ်သည် ငယ် မကျေမနပ်ရေရွတ်သည်ကို မကြားလိုက်။

အမှောင်ရိပ်က တစ်ယောက်သည် ငယ်၏ ဆူတူတူနှုတ်ခမ်းလေးကို ကြည့်ပြီး အပြုံးတို့ ပိုပီပြင်လာသည်။



လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now