Unicode..
ရှေးခတ်ကတည်းက အခိုင်အမာတည်ဆောက်ခဲ့ဟန်တူသော ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ဆူးရစ်တို့ နှစ်ယောက် ရောက်ရှိနေကြသည်။
နှစ်ချို့ သစ်ပင်ကြီးများသည် အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ ကျောင်းဝင်း ထဲသို့ အတော်အတန်ပင် လမ်းလျှောက် ဝင်လိုက်ရသည်။လျှောက်လမ်းတစ်လျှောက် ပန်းရောင်စုံတို့ ပွင့်လန်း
နေသည်ကြောင့် အေးချမ်းလှပေသည်။သစ်သားပွတ်လုံးလက်ရန်းတွေနှင့် လှေကားကနေ ကျောင်းပေါ်ကို တက်သွားရသည်။
ထို ဘုန်းကြီးကျောင်းမှာ ခြေတန်ရှည် သဘောမျိုး ဖြစ်ပြီး အောက်ထပ်မှာ ဆွမ်းစားခန်းလို အခန်းသဘောမျိုး လုပ်ထားပြီး ဘေးပတ်ပတ်လည်ကို ရှေးခတ်က အုတ်နီတွေနဲ့ ကာရံထားလေသည်။အုတ်တစ်ဝက် သစ်သားတစ်ဝက်နှင့် ဆောက်ထားပြီး ကျောင်းခေါင်းမိုးကိုလည်း အုပ်ကြွပ်တွေ မိုးထားသေးသည်။ကျောင်းထဲ ရောက်သည်နှင့် ပထမဆုံး ခံစားလိုက်မိသည်က အေးမြမှုကိုပင်။
ဆောင်းလေ အေးအေးသည် တဖြူးဖြူး တိုက်ခတ်နေပြီး ပန်းရနံ့တို့ကို သယ်ဆောင်လာသည်။
ဆူးရစ်တို့ နှစ်ယောက်က ရင်တွင်းအပူကိုယ်စီနှင့် လာသော်လည်း ကျောင်းပရဝုဏ်ထဲ ရောက်သည်နှင့် အပူတစ်ဝက် အေးချမ်းသွားသည်။ကိုရင်ငယ်လေး၏ လမ်းညွှန်ပေးမှုဖြင့် ဆူးရစ်တို့နှစ်ယောက် ကျောင်းအပေါ်ကို တက်လိုက်ကြသည်။
ဝါတော် ခြောက်ဆယ်ရှိပြီ ဖြစ်သော ဆရာတော်သည်
ထိုင်ခုံပေါ်တွင်ထိုင်ပြီး စာအုပ် ဖတ်နေသည်။
ဆူးရစ်တို့လည်း ဆရာတော်နား ရိုရိုသေသေ ချဉ်းကပ်သွားပြီး ရှိခိုးဦးချလိုက်ကြသည်။" အင်း... တဏှာရင်းခံကြောင့် ဥပါဒါန် အစွဲတွေ စွဲကြတာကို .."
ဆရာတော်က မျက်လွှာချရင်း ထိုသို့မိန့်သည်။ဆူးရစ်တို့မှာ နားမလည်ခြင်း ကြီးစွာဖြင့်
" ဘုရား.."
" အတိတ်ဘဝက တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့ဖူးပင်မယ့်
အခုဘဝချင်းခြားနေပြီ ဒကာမလေး..။ ကပ်တွယ်နေရင်ဒီကလေးမ ကိုယ်တိုင်လည်း နာကျင်ရမယ်။အခြားလူတွေလည်း နာကျင်ရမယ်။အဲလို ဖြစ်စေချင်သလား။ဆရာတော် အမျှဝေ ပေးမှာမို့ သာဓုခေါ်ပါ။"
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)