Unicode..
/1991ခုနှစ်/
နေရောင်ခြည်သည် လိုက်ကာ၏ တစ်ဖက်ခြမ်းကို ဖြာကျနေပေသည်။
ဂုဏ်ရောင် မျက်နှာကို စောင်နှင့်အုပ်လိုက်ပြီး
လက်က အိပ်ယာပေါ်ကို လိုက်စမ်းကြည့်သည်။
အေးစက်နေသည့် အိပ်ယာခင်း၏ အထိအတွေ့ကြောင့် စိတ်အလိုမကျစွာ အိပ်ယာက ကုန်းထသည်။
လျော့တိ လျော့ရဲဖြစ်နေသော ညအိပ်ဝတ်စုံကို အနည်းငယ် ပြုပြင်ပြီး အခန်းပြင်ထွက်လိုက်သည်။
အခန်းဝသို့ရောက်သော် အခန်းထဲကိုဝင်မည့် ဝတ်လွှာနှင့် တန်းတိုးလေသည်။
" ကိုကို မျက်နှာသစ်ပြီးပြီလား"
" ဟင့်အင်း .. ဘယ်တွေ သွားနေတာလဲ"
" မနက်စာသွားပြင်တာပါ။မျက်နှာသစ်ပြီးပြီလား"
" မနက်စာက ကောင်မလေးတွေ လုပ်လိမ့်မယ်လေ။မျက်နှာက မသစ်ရသေးဘူး"
" ဟုတ် သစ်တော့လေ"
ဝတ်လွှာက ပြောရင်းဆိုရင်း အခန်းထဲဝင်သွားပြီး အိပ်ယာသိမ်းနေသည်။
ဂုဏ်ရောင်လည်း ရေချိုးခန်းထဲ ဝင်ပြီး ရေတစ်ခါတည်းချိုးလိုက်သည်။သွားတိုက်တံကို သွားတိုက်ဆေးပါ အဆင့်သင့် ထည့်ပေးထားသည်ကြောင့် ဂုဏ်ရောင် ပြုံးလိုက်မိသည်။
..
" ကိုကို ဒီနေ့ ဝတ်လွှာ အဆောင်ပြောင်းရမယ်"
" ကိုကိုအလုပ်မသွားခင် လိုက်ပို့ပေးမယ်လေ"
" ဟုတ် "
ဝတ်လွှာ မနက်စာစားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည်။ဂုဏ်ရောင်က အထုတ်တွေကို ကားပေါ် တင်ပေးသည်။
နှစ်နာရီလောက် ကားမောင်းပြီး အဆောင်သို့ ရောက်လေသည်။
သက်ဆိုင်ရာ တီချယ်တွေနှင့် တွေ့ပြီး နေရမယ့် အခန်းသို့ ပစ္စည်းတွေ ရွှေ့လိုက်သည်။
အလုပ်ရှိသေးသဖြင့် ဂုဏ်ရောင်က လိုက်ပို့ပြီးဆို ပြန်သွားလေသည်။
ကလေးတွေက အထုတ်တွေ ဆွဲပြီး လိုက်ပို့ပေးသည်။ကလေးမလေးတစ်ယောက်သည်
အိပ်ယာခင်း အထုတ်ကို တစ်ယောက်တည်း မနိုင်မနင်းနှင့် မ နေသည်။အခြားလူတွေကိုလည်း အကူအညီမတောင်းပေ။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)