Unicode..
နှစ်ယောက်အိပ် အခန်းထဲ ပစ္စည်းတွေကို နေရာမချပဲ ထိုင်နေမိသည်မှာ မည်မျှ ကြာသွားသည်မသိ။
* ကျွီ...
"အမလေး!"
" အာ sorry ကလေး တီချယ်က အခန်းဖော်ရောက်နေပြီလို့ ပြောတယ်။ မ မေ့သွားလို့ အရမ်းလန့်သွားလား..?"
အနားကို တိုးကပ်လာသည့်သူကြောင့် အလန့်တကြား အနောက်ဆုတ်မိသည်။
နီရဲနေသည့် သူ့နှုတ်ခမ်းသားလေး သိပ်လှတာပဲ..
" အနားတိုးလာမှ ပိုလန့်တာ.."
" ဟဟ "
ခပ်ဟဟ ရယ်ပြီး ဝတ်ထားသည့် အဝတ်တွေကို ချွတ်နေပြန်သည်။
ဒီအမကြီး ဘာဖြစ်ချင်နေတာလည်း?
ရွှန်းလသော်တာငယ်ကို ပညာလာစမ်းလေသလား..?
ပေါ်လာသော ဗိုက်သားပြင်ဖွေးဖွေးတွင် အဖုအထစ်တွေနှင့်..
ငယ် မျက်လုံးတို့ အတင်းမှိတ်ပစ်လိုက်ရသည်။
ရုတ်တရက် အာခေါင်တို့ခြောက်လာသလို..
စောနက မကျေမနပ်ရေရွတ်သမျှသည်လည်း ဘယ်ဆီဘယ်ဝယ်ရောက်မှန်းမသိ။
" ဟေ့ အငယ်လေး!"
" အမလေး ဘုရားရေ.."
နားနားကို ကပ်ပြီး ခေါ်လာသည်ကြောင့် အလန့်တကြား ဘုရားတမိသည်။
" ဒီလောက်လန့်တတ်နေမှဖြင့် ဒီနေရာနဲ့ မဖြစ်ပါဘူး။"
" ဟင် ?"
နားမလည်သလို ကြည့်လိုက်တော့ လှစ်ဟသွားသော ကျောပြင်တစ်နေရာမှာ ဘာရုပ်မှန်းမသေချာသည့် tattoo သေးသေးလေးကို တွေ့လိုက်သည်။
ဘာရုပ်လေးပါလိမ့်..?
" ဒါနဲ့ အငယ်လေး ညရှစ်နာရီ ဘုရား ဝတ်တက်ချိန်နော်၊ ဒီမှာက ယောဂီထဘီနဲ့အင်္ကျီ၊ ဒါက လိုအပ်တဲ့ ပစ္စည်းတွေ.."
လိုအပ်တဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ ဘုရားစာအုပ်နှင့် ပုတီး၊ပြီးနောက် ကျောက်လည်ဆွဲလေးနှင့် ဆွဲကြိုးတစ်ခု။
ငယ် ဆွဲကြိုးကို မြှောက်ကြည့်နေမိသည်။ဘာကျောက်ဖြစ်မလည်း ခန့်မှန်းနေသည့်ဟန်..
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)