p - 17

922 54 6
                                        

Unicode..

" ငယ် .. ငယ် ဘာလို့ ‌ငိုနေတာလဲ"

ငယ်ထွေးပွေ့ထားသော ဆူးရစ်သည် သတိရလာပြီး ငယ့်မျက်နှာကို လက်နဲ့ ဖွဖွ အုပ်ကိုင်ရင်းမေးသည်။

" အဟင့် အဟင့်.."

ငယ်က ဆူးရစ်၏ အမေးကို မဖြေပဲ ဆက်ငိုနေတုန်းပင်။

" မသိသင့်တဲ့ အရာတွေကို မသိတာကလည်း အေးချမ်းခြင်းပဲ ဒကာမလေး.."

ဆရာတော်၏ အသံကြောင့် ဆူးရစ် လဲနေရာကနေ ကမန်းကတန်း ထိုင်ပြီး လက်အုပ်ချီလိုက်သည်။တစ်စုံတစ်ခုကို အပြင်းအထန် စဉ်းစားနေဟန် မျက်ခုံးတို့ က စုကြုံ့နေသည်။

" အနားတိုးခဲ့ကွယ်.."

ဆရာတော်၏ အမိန့်ကြောင့် ဆူးရစ်လည်း အနားတိုးကပ်သွားသည်။ထို့နောက် လက်ထဲ ဆွဲကြိုးလေး တစ်ခု ထည့်ပေးလာသည်။

" ဒကာမလေးတို့ အဆောင်မှာ ရှိတဲ့ ဆွဲကြိုးလိုပဲ.. ဒါပမယ့် အနည်းငယ် ကွဲပြားတယ်။ ဆွဲကြိုးနှစ်ခုကို ပေါင်းစပ်လိုက်ရင် တစ်ခုတည်း ဖြစ်သွားပြီး ဘယ် ဝိဉာဉ်ကိုမဆို အမှုန် ဖြစ်စေနိုင်တယ်။ဝိဉာဉ်က အသက်အန္တရာယ်ကို ထိခိုက်လာမှ ဆွဲကြိုး နှစ်ခုကိုပေါင်းပါ။ဘာကြောင့်လဲဆိုတော့ တကယ်လို့ အမှုန်ဖြစ်သွားရင် ဘယ်တော့မှ ပြန်မွေးဖွားလာနိုင်မှာ မဟုတ်တော့လို့ပဲ။"

ဆူးရစ်တို့ နှစ်ယောက်၏ မျက်နှာပေါ်မှာ အံ့ဩရိပ်တွေဖြတ်ပြေးသွားသည်။

" ဆွဲကြိုးနှစ်ခုလုံးကို တစ်ယောက်စီ အချိန်တိုင်းဝတ်ထားစေချင်တယ်။"

" မှန်ပါ့ဘုရား.."

ဆူးရစ်က ဆရာတော်ဆီက ဆွဲကြိုးကို တရိုတသေ ယူပြီး ငယ့်ကို ဝတ်ပေးသည်။
ထို့နောက် ငယ့်ပါးပေါ်က မျက်ရည်တွေကိုလည်း တယုတယ သုတ်ပေးသည်။

" တချို့သော သံယောဇဉ်အပူမီး‌တွေဟာ ကိုယ်တိုင်က မသိလိုက်မှာပင် လောင်မြိုက်နေတာပါလား.."

ဆရာတော်က ထိုသို့ မိန့်ပြီး အတွင်းခန်းထဲကို ဝင်သွားသည်။ဆူးရစ်တို့လည်း ဘုရားရှင်နှင့် ဆရာတော်ကို ရှိခိုး ကန်တော့ လိုက်ပြီး အဆောင်သို့ ပြန်လာလိုက်ကြသည်။

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now