Unicode..
ရုတ်တရက် အပုပ်နံ့တို့က ဆူးရစ် နှာခေါင်းကို ကလူကျီဆယ်နေပြီး ဆူးရစ်မှာ နောက်လှည့်ပြေးဖို့ အားယူလိုက်သော်လည်း အရာရာဟာ နောက်ကျသွားခဲ့လေပြီ။
ပုပ်ပွပြီး တွဲကျနေသော မျက်နှာ တစ်ခု ..။
" ထွက်သွား... ကလေးနဲ့ ဝေး..... ရာကို သွား!"
နှုတ်ခမ်းတို့ ပဲ့ကျနေသော ပါးစပ်ကနေ စကားသံတို့
တစ်လုံးချင်းစီ ထွက်လာသည်။
ဆူးရစ်မှာ ကြောင်အစွာ ရပ်နေမိသည်။
တဖြေးဖြေး တီချယ်အယောင်ဆောင်ထားသော တစ်စုံတစ်ယောက်သည် အနားကို တိုးကပ်လာသည်။
ပုပ်ပွနေသော မျက်နှာတွင် လောက်ကောင်တို့ တရွေ့ရွေ့သွားနေပြီး တချို့မှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပေသည်။ ဆူးရစ်နှင့် လက်တကမ်းအလိုကို ရောက်လာပြီး
လောက်ကောင်တို့သည် သူ(မ) ခြေထောက်ပေါ်အထိ တက်လာသည်။
ဆူးရစ် ခြေထောက်ကို ငုံ့ကြည့်လိုက်ပြီး..
" အား!!"
ဆူးရစ် ခြေထောက်ကို ဆတ်ခနဲတစ်ချက်ခါလိုက်ပြီး နောက်မလှည့်ကြည့်စတမ်း ထွက်ပြေးတော့သည်။
အနောက်တွင် ဘာတွေ ဖြစ်ကျန်ခဲ့လည်း သူ မသိချင်တော့။
" ဟူး.."
အခန်းထဲရောက်မှသာ သက်ပြင်းချနိုင်တော့သည်။
ရင်ဘက်ကို ဖိထားပြီး မျက်လုံးတို့ကို မှိတ်ရင်း အသက်ကို ပြင်းပြင်း ရှုထုတ်လိုက်သည်။
မျက်လုံးတို့ ပြန်ဖွင့်လိုက်တဲ့ အချိန်..
" အား..!"
အနီရောင် မြန်မာ ဝမ်းဆက်နှင့် ဆံထုံးတို့ လျော့တွဲကျနေသော သရဲမသည် လေပေါ်ပျံဝဲနေပြီး ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်နေသော ငယ့်ဆီသို့ ဦးတည်နေပေသည်။
" မလုပ်နဲ့..!"
ဆူးရစ် အော်လိုက်တော့ ပွယောင်းယောင်း မျက်နှာသည် ဆူးရစ်ဘက်ကို လှည့်ကြည့်လာသည်။
တစ်ခုခုပြောမည့်ဟန် ပါးစပ်တို့ ဟလိုက်တော့ ထိုသရဲမ၏ ပါးစပ်ထဲကနေ ပျစ်ချွဲချွဲ အရည်တို့ ထွက်ကျလာလေသည်။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)