လည်သာဖိနပ်၏ လျှောက်နင်းလာသံသည် တလက်လက်ထနေသော ကြမ်းခင်းပေါ်၌ စည်းချက်မှန်မှန်ထွက်ပေါ်နေ၏။
ဓာတ်လှေကား၏ နံပါတ်များထဲမှ 12အားနှိပ်လိုက်သည်နှင့် ဓာတ်လှေကားသည် စတင်၍မြင့်တက်ကာရွေ့လျားလေသည်။
လူကြီးလူကောင်းဆန်သည့် ပုံစံပေါက်အောင် အပြာရောင်suitကိုဝတ်ဆင်လာခဲ့သော်လည်း ဝတ်လေ့ဝတ်ထမရှိသဖြင့် အနေရခက်လှ၏။
ရင်ဘတ်ရှိ မြွေပုံစံရင်ထိုးကဲ့သို့သော လျှို့ဝှက် အသံဖမ်းစက်ကို ခနခနအာရုံရောက်ကာ အထူးသတိထားမိနေ၏
သူသည် တရားဝင်ဆက်ခံသူမဟုတ်သည့် အလျောက် ဤကဲ့သို့သော သစ္စာဖောက်သည့်အလုပ်အား တစ်ယောက်ယောက်သိသွားခဲ့လျှင် လည်ပင်းပြတ်သွားနိုင်သည်မှာ ဧကန်မုချပင်။
ဆံပင်များအား အနောက်သို့သပ်တင်လိုက်ပြီး
ကုတ်င်္ကျီအား သပ်ရပ်စွာပြင်ဆင်လိုက်သည်။
အစ်ကိုဖြစ်သူနှင့်ဆန့်ကျင်စွာ မှေးကျဥ်းသောမျက်လုံးများရှိပြီး ပါးလျသောနှုတ်ခမ်းများသည်လည်း ခပ်တင်းတင်းစေ့ကာ မျက်နှာထားသည် မိုက်တိမိုက်ကန်းလုပ်တတ်သော အသွင်အားဆောင်လေ၏။companyထဲ၌ ဖြတ်သန်းသွားလာနေသော်လည်း တလေးတစား ဦးညွှတ်နှုတ်ဆက်မည့်သူ မရှိ၊
အားလုံး၏ ပစ်ပယ်ခြင်းအားခံထားရလေသည်။
ဤသည်မှာ jeonလုပ်ငန်းစု၏ တရားမဝင်သား
Jeon Byeong ho ဖြစ်လေသည်။"ဒီကိစ္စက Byeong hoကိုပဲ အပ်လိုက်တာပေါ့"
"ကိုယ်တိုင်သွားတာပိုမကောင်းဘူးလား"
လက်ထောက်Greyသည် အကြံပြုလာ၏။
ကြည်လင်ဖြူဝင်းသော အသားအရေနှင့် နက်မှောင်ထူထဲသောမျက်ခုံးနှစ်ဖက်သည် Grey၏ ချောမောမှုတို့အားမြင်သာစေလေသည်။
Italyကပြားဖြစ်သည့် Grey သည် သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားတစ်ဦးဆိုလျှင်လည်း မမှားပေ။
ဤကိစ္စတွင် Grey၏ အကြံပြုချက်သည်လည်း
တမျိုးတစ်ဖုံအရေးပါနေလေ၏။"အမှိုက်တွေကို ငါကိုယ်တိုင်လိုက်ရှင်းရမှာလား"
ယတိပြတ်ဆုံးဖြတ်ထားပြီးသော အားပြင်းပြင်းအမိန့်အား Greyသည် မလွန်ဆန်နိုင်ခဲ့။
သူတို့၏သခင်လေး Jeonသည် ဆုံးဖြတ်ချက်အမှားအားချလိမ့်မည်လူတစ်ယောက် ဟုတ်မနေပေ။

YOU ARE READING
Innocence But Devil [Hiatus]
Fiksi Penggemarလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး