Ep 8

8.8K 573 73
                                    

#Unicode

Taehyungက မပြန်ချင်သေးဘူးဆို၍ Busanမှာပဲဆက်နေဖြစ်ကြသည် ။
Mingyuတို့ စီစဉ်ပေးထားသည့်တိုက်ခန်းလေးက ရေ၊မီးအစုံနှင့် အားလုံးပြည့်ပြည့်စုံစုံရှိလှသည်မို့ လိုလေသေးမရှိပေ။ ထို့အပြင် ကမ်းခြေကိုအတိုင်းသားမြင်နေရသည်မို့ စိတ်ကျေနပ်ဖို့ကောင်း၏။

"Taehyung ... ပျင်းနေပြီလား"

မှန်တံခါးကနေ ကမ်းခြေအားလှမ်းကြည့်နေတဲ့ Taehyung၏ခါးကို Jungkook သိုင်းဖက်ပြီး ပခုံးပေါ်သို့မေးတင်လိုက်သည်။

"ငါမပျင်းပါဘူး"

"ကမ်းခြေကိုဆင်းကြမလား ။ ဘာလို့ကြည့်ပဲကြည့်နေတာလဲ"

"တစ်ခါတလေ ကိုယ်တိုင်ထိတွေ့ရခြင်းထက် ငေးကြည့်နေရတာက ပိုလှတယ်လေ ... မင်းအဲ့လိုတွေးမိလား "

Taehyung ပြောသလိုမျိုး Jungkook မတွေးမိပါ ။
မြင်နေရတဲ့အရာကိုတောင် ထိတွေ့ခွင့်မရဘဲ ငေးကြည့်နေရတာက ပိုလှနိုင်ပါ့မလား ။

"ငါမတွေးမိဘူး Taehyung ... ငေးကြည့်ရတာတွေကို ငါမကြိုက်တော့ဘူး .. တကယ်လှပပေမယ့် ဝမ်းနည်းဖို့ကောင်းတယ် ။ ငါမင်းကို ၁၀နှစ်မကအောင် ငေးကြည့်ခဲ့ပြီးပြီမို့ အဲ့ဒီခံစားချက်ကို ကောင်းကောင်းသိနေပြီ"

Jungkook ၏စကားတွေကြောင့် Taehyung လှည့်ကြည့်ကာ အကြည့်ချင်းဆုံစေလိုက်သည် ။
ထို့နောက် Jungkook ၏မျက်နှာလေးကိုကိုင်လိုက်ပြီး

"ငါကတော့ ငေးကြည့်ရတာကိုကြိုက်တယ်။ငါလည်းပဲ ၁၀နှစ်မကအောင် မင်းကိုငေးကြည့်ခဲ့ရတာပဲ ... ဒါပေမဲ့ ငါပျော်တယ်"

Jungkook မျက်ရည်တွေဝိုင်းလာခဲ့သည်။
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့နှစ်ယောက်က အချိန်အကြာကြီးရှိခဲ့ကြသည်။
တစ်ယောက်ကိုတစ်ယောက် ချစ်နေပါလျက်နှင့် သူငယ်ချင်းဆိုတဲ့စည်းကို တားခဲ့မိကြသည် ။
ချစ်နေကြပါလျက်နှင့် အချင်းချင်း ငေးကြည့်ရုံသာလုပ်နိုင်ခဲ့တဲ့အချိန်တွေကို သူသိပ်ပြီးနှမြောမိပါ၏ ။

"Taehyung ... အချစ်ကို အယုံအကြည်မရှိဘူးလို့ မင်းပြောခဲ့တယ်နော် ။ အခုငါ့ကိုချစ်တယ်ဆိုတော့ တကယ်ပဲ အချစ်ကိုယုံကြည်နိုင်ပြီလား"

From Best Friend To Bed FriendWhere stories live. Discover now