Ep 15

2.7K 239 29
                                    

#Unicode

နှစ်ယောက်လုံး၏အချစ်တွေ ပြည့်နှက်ကာ ဆန္ဒတွေထပ်တူကျနေခဲ့သည့် လက်ထပ်ပွဲနေ့။
Taehyung စိတ်တွေလှုပ်ရှားရလွန်းလို့ ရူးတော့မည်ထင်သည် ၊ Jungkook လည်း Taehyung နှင့်ထပ်တူ ခံစားနေရလိမ့်မည်ဟု Taehyungယုံကြည်သည်။ အားလုံးပြင်ဆင်ပြီး အခန်းထဲမှာပဲ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည် ၊ စိတ်ကိုတည်ငြိမ်စေဖို့ Taehyung မလုပ်နိုင်သေးပေ။

"သား..."

ရုတ်တရက်ခေါ်သံကြောင့် Taehyung၏ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည် ။ Taehyung မဝံ့မရဲကြည့်လိုက်တော့ Taehyungရဲ့အဖေဖြစ်လို့နေခဲ့၏။

"အဖေ..."

Taehyung ဝမ်းသာအားရနှင့်ပြေးဖက်လိုက်၏။ ဒီတစ်သက် အဖေ့ကိုပြန်မတွေ့နိုင်တော့ဘူးဟု Taehyung ထင်ထားခဲ့သည်... သို့ပေမဲ့ အခုတော့ အဖေက Taehyung ဆီရောက်လာခဲ့ပြီဖြစ်၏ ။

"အဖေ ကျွန်တော့်ဆီလိုက်လာတယ်နော်။ ကျွန်တော်ဝမ်းသာလိုက်တာ"

"လာရမှာပေါ့ကွယ်.. ဒါက သားရဲ့အရေးကြီးဆုံးနေ့လေ ။ ဒီလိုနေ့မျိုးမှာတော့ သားရဲ့ဘေးမှာအဖေရှိနေပေးဖို့ လိုအပ်တယ်မို့လား"

အမေနဲ့ ကွာရှင်းပြီးကတည်းက အဖေက Taehyung နှင့်ပါ လုံးလုံးလျားလျားအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ Taehyung လိုအပ်နေတဲ့အချိန်တွေမှာအဖေရှိမနေခဲ့တာမို့ Taehyung မုန်းပစ်ချင်သည်၊ နာကြည်းချင်ခဲ့သည် ။ သို့ပေမဲ့ Taehyung အဲ့ဒီလိုလည်း မလုပ်နိုင်ခဲ့ပါပေ။

"သားအပေါ်တာဝန်မကျေခဲ့လို့ အဖေတောင်းပန်ပါတယ် Taehyungလေး ။ အဖေ့ကိုခွင့်လွှတ်ပေးပါနော်"

"ကျွန်တော်အဖေ့ကို ခွင့်လွှတ်ပြီးသားပါ... တောင်းပန်ဖို့မလိုပါဘူး"

Taehyung ထိန်းမထားနိုင်တော့တာကြောင့် မျက်ရည်များကို စီးကျစေလိုက်သည်။ ဝမ်းနည်းလို့မဟုတ်ဘဲ ဝမ်းသာလို့ကျတဲ့မျက်ရည်တွေသာဖြစ်ပါလိမ့်မည် ။

"ငိုနေတာလား... အခုပဲလက်ထပ်တော့မယ့် သတို့သားလေးက ဘာဖြစ်လို့ကလေးတစ်ယောက်လိုငိုနေရတာလဲ"

အဖေက Taehyungရဲ့ မျက်ရည်စတွေကို တယုတယနှင့်သုတ်ပေးသည် ။ အဖေကိုယ်တိုင်လည်း အပြုံးတွေနှင့်ဖုံးကွယ်ထားပေမယ့် မျက်လုံးအိမ်မှာတော့ မျက်ရည်စတို့ ရစ်ဝဲနေခဲ့သည်။

From Best Friend To Bed FriendWhere stories live. Discover now