[ 62 ]

3.6K 425 13
                                    

Unicode

အပိုင်း - ၆၂

လုကျင်းလန်က ဝမ်ကျားနင်ကို စီးမိုးကြည့်နေသည်။ တကယ်တော့ သူကိုယ်တိုင်လည်း သူတို့နှစ်ဦး ဘယ်လိုရှေ့ဆက်ကြမလဲ ဆိုသည့်အကြောင်း လေးလေးနက်နက် ဂရုတစိုက် တွေးသင့်တာ ဖြစ်သော်လည်း လောလောဆယ်မှာ သူ ဘာကိုမှ မစဉ်းစားနိုင်တော့။

မင်း သဘောကျရတဲ့လူ...

မဖြစ်နိုင်တော့ဘူးလို့ တွေးပြီးကာမှ ရုတ်တရက် ပြောင်းလဲသွားသော relationship တစ်ခု...

သူ လိုရာဆွဲတွေးနေတာ မဟုတ်ရပါ။

သူတို့နှစ်ယောက် တကယ်ပဲ အတူရှိနိုင်ပါ့မလား။

လုကျင်းလန် စကားစပြောလိုက်သောအခါ သူ့အသံက အနည်းငယ် ခြောက်သွေ့အက်ကွဲနေခဲ့သည်။

“မင်းလည်း ယိမ်းယိုင်သွားခဲ့တယ်လား”

ဝမ်ကျားနင်က သူ့ကို မော့ကြည့်ရင်း

“ကျွန်တော်လည်း အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်အနေနဲ့ ချင့်ချိန်စဉ်းစားတတ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး၊ တကယ်တော့ ကျွန်တော် ယန်ရို့ဝေ့ကို ပြောခဲ့တဲ့စကားတွေက ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေတဲ့သဘောပဲ၊ ကျွန်တော် ခင်ဗျားကို သဘောကျလို့ မဖြစ်ဘူး...ဘာ‌ကြောင့်လဲဆိုတော့ ခင်ဗျား ကျွန်တော်နဲ့ပတ်သက်ပြီး အတည်သဘောထားလိမ့်မယ်လို့ မယုံကြည်ခဲ့လို့၊ မဖြစ်နိုင်တဲ့အချစ်ကို မတွေးဖို့နဲ့...ကျွန်တော့်ကို ချစ်လာမှာမဟုတ်တဲ့ လူတစ်ယောက်ကို မချစ်မိစေဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ခံစားချက်ဆိုတာမျိုးက လွယ်လွယ်ကူကူ ပြောင်းလဲပစ်လို့ရတာမှ မဟုတ်ဘဲ...အဲ့လိုသာရကြေးဆို ဒီကမ္ဘာပေါ်မှာ ထိန်းချုပ်လို့မရနိုင်တဲ့ခံစားချက်တွေ ရှိလာမှာမဟုတ်ဘူး”

“မင်း ထိန်းချုပ်လို့မရနိုင်ခဲ့ဘူးပေါ့?”

လုကျင်းလန်က သူပြောသောစကားကို လိုက်ရေရွတ်သည်။

‌ဝမ်ကျားနင် လုကျင်းလန်၏နှုတ်ခမ်းကို စိုက်ကြည့်နေရင်း အနားသို့ တိုးကပ်သွားကာ အသာလေး နမ်းလိုက်သည်။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now