Jungkook တို့နှစ်ယောက်သား Jeon အိမ်တော်ကြီးထဲအရောက် တိတ်ဆိတ်ငြိမ်သက်ကာ အကဲခတ်သလို ဝိုင်းကြည့်နေကြသူများ၏အလယ်တွင်..
Seokjin ကတော့ Jungkook ၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း မျက်နှာလေးငယ်နေရှာသည်...
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
သြဇာသံအပြည့်ဖြင့်ပြောရင်း လှေကားမှ တစ်လှမ်းချင်းဆင်းလာသော Mr Jeon...
"ဟုတ်ကဲ့"
သူ့ကိုမော့ကြည့်ကာ အကြောက်ရွံ့မရှိ ပြန်ပြောသော Jungkook ကို Mr Jeon တကယ်ပင်သဘောကျနေသည်..
"ဘေးက?"
"သူကတော့ အရင်က ကျွန်တော်တို့သားအမိ အလုပ်လုပ်ခဲ့တဲ့ Kim အိမ်ရဲ့သားပါ.. ဒါပေမဲ့..."
Jungkook ဆက်မပြောပဲ တံတွေးတချက်မျိုချလိုက်ကာ Seokjin ကို ဆုပ်ကိုင်ထားသော သူ့လက်များကို လွတ်ချလိုက်သည်..
ကြောင်စီစီလေးဖြစ်သွားသော Seokjin ကို သူလှည့်မကြည့်ပဲ..
"ဒါပေမဲ့ ခု သူအိမ်ကထွက်ပြေးလာတာ.. ကျွန်တော်လည်း အဖော်ရအောင်၊ Jeon အိမ်မှာလည်းခိုင်းလို့ရအောင် ခေါ်ခဲ့တာ"
"Koo.."
သူ့ကို တိုးတိုးခေါ်လိုက်သော Seokjin သည် မယုံကြည်နိုင်သော မျက်၀န်းများဖြင့်..
Jungkook ကတော့ Seokjin၏ အသံလေးကို လျစ်လျုရှုကာ..
"သူ့ကို အလုပ်သမားတန်းလျားမှာ ထားလို့ရပါတယ်.. ခုလောလောဆယ် ကျွန်တော်ဘယ်အခန်းမှာ အိပ်ရမလဲ"
ခပ်တည်တည် မာမာထန်ထန်ဖြင့်ပြောသော သူ့ပုံစံကို Mr Jeon သဘောအကျကြီးကျကာ လက်ခုပ်တီးရင်း..
သူ့အနောက်တွင် ခပ်ရို့ရို့ရပ်နေသော အစေခံများကို..
"ဟိုကောင်လေးကို အလုပ်သမားတန်းလျားခေါ်သွားလိုက်.. နောက်ရက် မင်းတို့နဲ့အတူ အလုပ်လုပ်ခိုင်း"
"ဟုတ်ကဲ့"
တဆတ်ဆတ်တုန်ယင်နေသည့် Seokjin၏ လက်မောင်းလေးကနေ ဆောင့်ဆွဲခေါ်သွားတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းများ လွှမ်းနေသည့် ချယ်ရီရနံ့လေး Jungkook နှင့် တဖြည်းဖြည်း ဝေးသွားလေသည်..
YOU ARE READING
Jeon's Angelic Omega [ABO/kookjin] ✅
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024