Pt.36

2.1K 299 582
                                    

"ဘယ်လိုဖြစ်လို့ ညသန်းခေါင်ကြီး Seokjinnie?"

"ငါ.. ငါ ဒါကို သောက်ချင်လာလို့.. ပြွတ်စ်"

ပြောလဲပြော ၊ ဘူးထဲက လက်ကျန်တစ်ငုံစာလောက်ကိုပါ ကုန်အောင်စုပ်ယူလိုက်ပြီး မျိုချလိုက်သည်မှာ မသိရင် သူ့နို့ဘူးကို တယောက်ယောက်က လာလုသောက်မှာကျနေတာပဲ...

Seokjin ၏နှုတ်ခမ်းထောင့်တွင် ခိုတွဲနေသော နို့စက်လေးတစ်စက်ကို Jungkook သူ့လက်မဖြင့် အသာဖိသုတ်ပေးလိုက်ကာ..

"လာခဲ့စမ်း အဆိုးလေး"

Seokjin ကို ဆွဲထူပြီး သူ့ပခုံးပေါ်မှောက်ရက်တင်လိုက်ကာ ရေခဲသေတ္တာကို အသံမကြားအောင်ပြန်ပိတ်ရင်း အိမ်ပေါ်ထပ် သူတို့၏ အိပ်ခန်းရှိရာသို့ ပြန်တက်လာလေသည်...

အင့်.. အု !!

သူ့ပခုံးပေါ် မှောက်ရက်တင်ကာ ထမ်းခေါ်လာသည်မို့ ဗိုက်ထောက်မိပြီး တအင့်အင့်နှင့် မအီမသာဖြစ်နေသည့် အနှီနို့သူခိုးလေး...

"ကဲ.. ရှင်းစမ်းပါဦး.. ငါ့နို့ဘူးတွေ လျော့နေရတဲ့အကြောင်းလေး"

အခန်းမီးမဖွင့်ပဲ အမှောင်ထဲတွင် နှစ်ယောက်သား ငုတ်တုတ်ထိုင်ကာ Jungkook က Seokjin ကို စစ်ဆေးရေး၀င်နေသည်...

"Sorry ပဲ.. ငါ.. ငါ ဒီရက်ပိုင်း Banana Milk အရမ်းသောက်ချင်လာလို့ တစ်ဘူးယူသောက်တာ၊ တစ်ဘူးကနေ နှစ်ဘူးဆိုပြီး ဖြစ်သွားတယ်"

ချောက် !!

Jungkook သူတို့ခေါင်းရင်းနားက စားပွဲတင်မီးအိမ်လေးကိုဖွင့်ပြီး Seokjin ကို ကြည့်လိုက်သည်...

အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသော သူနှင့် မျက်နှာချင်းဆိုင်တွင် သူ့လိုပင် တင်ပလ္လင်ခွေထိုင်ကာ ခေါင်းစုတ်ဖွားနှင့်နို့သူခိုး..

နို့သူခိုးလို့ အသံထွက်ပြီးလည်း မခေါ်ရဲ ၊ ပုဇွန်ဦးနှောက် trauma ခုထိ ရနေတုန်းမို့...

"ဘယ်ကတည်းက သောက်နေတာလဲ"

"Hmm... သိပ်မကြာသေးဘူး၊ ၃ / ၄ ရက်လောက်ရှိပြီထင်တယ်"

"ခုလို ညဖက်ကြီးလည်း သောက်တာပဲလား"

"အွန်း.. ငါ.. ငါ တရေးနိုးတော့ အရမ်းသောက်ချင်လာလို့"

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now