"Seokjin... အခု မင်းကငါ့ရဲ့မိတ်ဖြစ်သွားပြီ... အဆင်သင့်မဖြစ်သေးတဲ့ ငါ့ရဲ့ဘ၀ထဲကိုဆွဲခေါ်မိတဲ့အတွက် တောင်းပန်ပါတယ်... ရှေ့လျှောက်ရမဲ့လမ်းက အရမ်းချောမွေ့နေမယ်လို့တော့ ငါ အာမ,မခံနိုင်ဘူး၊ ဒါပေမဲ့ မင်းကို မှဲ့တစ်ပေါက်မစွန်းအောင် ငါကာကွယ်သွားမှာပါ"
သူ့လက်လေးကို အသာရုန်းထွက်လိုက်ကာ Jungkook ၏လက်များကို Seokjin က ပြန်ဆုပ်ကိုင်လိုက်ပြီး..
"မင်းသာ ငါ့ကိုမနှင်ထုတ်ဘူးဆိုရင် ငါ မင်းနားမှာ အမြဲရှိနေမှာပါ "
Jungkook ကိုမော့ကြည့်ရင်း Seokjin လေသံဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်...
"အရင်ကတည်းကတောင် ငါက မင်းကိုဘာအကြောင်းနဲ့မှ ငါ့မျက်ကွယ်ရာမှာ ထားဖို့စိတ်ကူးမရှိခဲ့တာမို့ ခုလို ငါ့ရဲ့မိတ်ဖြစ်သွားပြီဆိုတော့ ငါတို့က နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဖြစ်သွားပြီ.. နားလည်လား"
Seokjin ခေါင်းကိုသာငြိမ့်ပြတော့...
"ဒါဆို ငါတို့ ပြန်ပြီးအဆင်ပြေသွားပြီလို့ယူဆလို့ရမလား Seokjin"
Jungkook ၏အမေးကြောင့် Seokjin သူဆုပ်ကိုင်ထားသည့်လက်များကို အသာဖြည်လိုက်ကာ...
"နားလည်မှုလွဲခဲ့တာတွေ ရှင်းသွားပြီဆိုပေမဲ့ ငါတို့ကြားထဲမှာ ကာထားခဲ့တဲ့တံတိုင်းကို ပြန်ဖျက်ရဦးမယ်လေ... တချို့အရာတွေက အမြစ်တွယ်နေတဲ့အထိ အားကောင်းခဲ့တော့ အချိန်ယူရမှာပေါ့... နှစ်နဲ့ချီအောင် ရိုက်သွင်းခံထားရတဲ့ အကြောင်းအရာတချို့ကျတော့ ချက်ချင်း မေ့ပျောက်လို့မှမဖြစ်နိုင်တာ"
"ဒါပေါ့... ငါနားလည်ပါတယ်"
Jungkook သူကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းမို့ ခုချိန်မှာ နာကျင်ရုံမှတပါး အခြားမရှိချေ..
ကွဲသွားသည့် ကြွေပန်းကန်ကို ရအောင်ပြန်ဆက်ပြီး သုံးနိုင်ခဲ့လျှင်တောင် အက်ကွဲရာကတော့ မြင်နေရမှာပဲမို့ အကောင်းပကတိအတိုင်း မျှော်လင့်ဖို့ကတော့ ဘယ်တော့မှ မဖြစ်နိုင်တော့ချေ.......
"မင်းကို နာကျင်အောင်လုပ်ခဲ့ရလို့လည်း ငါတောင်းပန်ပါတယ်... ငါ မင်းအပေါ် အများကြီး ပိုကောင်းပေးသွားမှာပါ Seokjin"
YOU ARE READING
Jeon's Angelic Omega [ABO/kookjin] ✅
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024