Pt.48

2K 300 564
                                    

Jeon အိမ်တော်၌...

"Seokjin က Angelic Omegaဖြစ်နေခဲ့တာပဲ"

သူ့မျက်စိရှေ့အောက်တွင် တသက်လုံးရှိနေရဲ့သားနှင့် Seokjin ကို Luna၏သားမှန်း လုံး၀မသိခဲ့သည့်အတွက် Mr Jeon တောက်တခေါက်ခေါက်ဖြင့် ယူကြုံးမရဖြစ်နေသည်...

"ငါက အ‌ဝေးကြီးမှာလိုက်ရှာနေတာ၊ ဒင်းက ငါနဲ့ တအိမ်ထဲမှာရှိနေတာကိုး"

Seokjinကပဲ အနေအထိုင်ပိရိလွန်းတာလား ၊ သူကိုကပဲ ကံမကောင်းတာလား...

"ဘာထူးလဲ"

Mr Jeon စေလွတ်လိုက်သည့် တပည့်များက Seokjin မောင်းနှင်သွားသည့်ကားနောက် ခြေရာခံလိုက်သွားပြီး ပြန်လာ၍သတင်းပို့နေတာ...

"အ‌ဝေးပြေးကားလမ်းမပေါ်မှာတော့ သူတို့ကား ဆီကုန်လို့ ရပ်ထားတာတွေ့ခဲ့တယ်"

"သူတို့ကားမှန်းသေချာလား"

"သေချာတယ်၊ ကားပေါ်မှာ မောင်းသူနေရာရော၊ ခုံမှာပါ သွေးကွက်တွေ တွေ့တယ်"

တပည့်တစ်ဦးက သူ ဓါတ်ပုံရိုက်ယူလာသည်ကိုပြတော့...

"မောင်းသွားတာ Seokjin ဖြစ်မယ်၊ သွေးတွေက သူ့နေရာမှာ အတော်အိုင်နေတာပဲ၊ဒဏ်ရာရထားတာလား"

"သူ့ကိုတော့ ဘယ်သူမှ တိုက်ခိုက်နိုင်တာမတွေ့ဘူး၊ ဖြစ်နိုင်တာက ကလေးတွေမွေးထားတဲ့ခွဲကြောင်းကနေ သွေးတွေထွက်တာဖြစ်မှာ"

Mr Jeon မျက်မှောင်ကျုံ့ကာ ဓါတ်ပုံကိုသေချာထပ်ကြည့်ပြီး...

"ဒီလောက်သွေးတွေများတာ သွေးထွက်လွန်နေလောက်ပြီ"

Jungkookကတော့ မဟူရာ Dominant Alpha မို့ မသေမျိုးဆိုထား၊ Seokjin ကတော့ အဲ့လောက် ခံနိုင်မယ်မထင်.... သူ့အမေဖြစ်သည့် Luna တောင် ကားအက်စီးဒင့်ဖြစ်ပြီး သေရတာပဲဆိုတော့...

"သူတို့နှစ်ယောက် ဘယ်ကို ထွက်ပြေးတယ်ထင်လဲ"

"တခြားကားနဲ့ လမ်းကြုံထွက်ပြေးသွားလား၊  ဘေးကတောအုပ်ထဲ ၀င်ပြေးသွားလားတော့မသိဘူး"

"သွေးစက်တွေကနေ ခြေရာမခံကြည့်ဘူးလား"

"မနေ့ညက မိုးအရမ်းသည်းတော့ မိုးရေနဲ့အတူ သွေးစက်တွေရော၊ ခြေရာတွေပါ ပျောက်ကုန်တယ်"

Jeon's Angelic Omega [ABO/kookjin] ✅Donde viven las historias. Descúbrelo ahora