မနက်ခပ်စောစော Jeon အိမ်တော်၌..
"Seokjin.. အခုကျောင်းသွားမယ်"
Jeon Jungkook ဆိုသည်မှာ မိုးလင်းတာနဲ့ လူကို ဘယ်လိုနိုင်စားရမလဲ ဆိုတာချည်းပဲ..
"ငါ မနက်စာစားနေတာ မပြီးသေးဘူးလေ.."
"စားမနေနဲ့တော့.. နည်းနည်းလောက်မစားရတာ သေမသွားဘူး"
ဆက်ထိုင်နေလည်း ကိုယ်ပဲဒေါသထွက်ရမှာမို့ နည်းနည်းပဲကိုက်ရသေးသည့် ပေါင်မုန့်မီးကင်ကိုပြန်ချကာ လက်သွားဆေးပြီး အိမ်ရှေ့သို့ Seokjin ထွက်လာလိုက်သည်...
ဧည့်ခန်းရှေ့ဖြတ်အလျှောက်...
"Seokjin.. မနက်စာ စားပြီးပြီလား၊ မြန်လှချည်လား"
အသံလာရာ ကြည့်လိုက်တော့..
"ကိုကိုကြီး?"
အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပုံဖြင့် ဧည့်ခန်းထဲတွင်ထိုင်ကာ သူ့ကိုတော့ အလိုမကျသလို ကြည့်နေသည်..
"ဟုတ်ကဲ့ ကိုကိုကြီး.. ကျောင်းစောစောသွားရမှာမို့"
Jungkook ကြောင့် မနက်စာငတ်ဖူးသည်မှာ အခုမှ ကြုံဖူးတာမဟုတ်တော့ စာဖွဲ့ပြောမနေချင်၊ ကျောင်းကိုသာ အကြောင်းပြလိုက်သည်...
"မနက်က အိပ်လို့ရောပျော်ရဲ့လား"
တွန့်ချိုးထားသော မျက်မှောင်ကိုအသာဖြေလျှော့ကာ ကိုကိုကြီးကမေးတော့...
"ဟုတ်ကဲ့"
ထိုစဉ်....
"KIM SEOKJIN !!!! .. ခုထိမလာသေးဘဲ ဘာလုပ်နေတာလဲ"
အိမ်တံခါး၀မှ ဟိန်းနေအောင် လှမ်းအော်သံသော Jungkook၏အသံကြောင့် အိမ်အကူများပင် တုန်ခနဲ..
Seokjin ပြန်ထူးမည်အပြု သူတို့နှစ်ဦးဆီလျှောက်လာသော Jungkook..
"ဘာလဲ Jeon Hoseok shi.. မနက်ဝေလီဝေလင်း ကျွန်တော့်ကျွန်ကို စကားပြောတာမ၀သေးလို့ ခုထိ အခန်းဆက်နဲ့ ပြောချင်နေသေးတာလား"
Jungkook ၏ခနဲ့တဲ့တဲ့အမေးကို...
"မင်းမေးခွန်းကို ဖြေစရာအကြောင်း မရှိဘူး Jeon Jungkook"
တည်တည်ငြိမ်ငြိမ်ဖြင့်သာ တုံ့ပြန်လိုက်သော Jeon Hoseok သည် Mr Jeon၏ တရား၀င်မယားကြီးမှ မွေးသောသား... Hope Entertainment Company ပိုင်ရှင်....
YOU ARE READING
Jeon's Angelic Omega [ABO/kookjin] ✅
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024