Pt.50

2K 273 435
                                    

"ပြောပါဦး... ဒီတစ်ခါ ဘာဖြစ်ကြတာတုန်း"

Jungkook က Seokjin၏ ပါးပြင်ပေါ်ကမျက်ရည်စတချို့ကို လက်မဖြင့် ဖွဖွဖိသုတ်ကာ ဖယ်ပေးရင်းမေးလိုက်သည်...

"အင့်.. Sunnie က.. အင့်.. ရှူးအရမ်းပေါက်တယ်"

ရှိုက်သံအနည်းငယ်ဖြင့် ပြောနေသည့် Seokjinသည် နှာခေါင်းထိပ်လေးများပင် ရဲနေအောင် ငိုထားတာ...

"အင်း... အဲ့ဒါနဲ့ပဲ ငါ့ Seokjinnie လေး က diaper တွေအများကြီး လဲပေးရရောလား"

Seokjin ၏ခါးကို အသာတိုးဖက်ကာလည်ပင်းနုနုကို နမ်းရင်းမေးတော့..

"ဟုတ်တယ်.. အင့်.. Appa ကလည်း နေ့ခင်းကတည်းက သူ့မိတ်ဆွေတွေနဲ့တွေ့ဖို့ ခဏဆိုပြီး ထွက်သွားတာ"

"အင်း"

ရှိုက်သံစဲလာသည့် Seokjin သည် ခုမှအားကိုးရာရသလို Jungkook ကို တိုင်နေတာ..

"ငါ့မှာ.. ငါ့မှာ Sunnie ကို diaper တွေ လဲပေးနေရတာ လက်ကိုမလည်ဘူး"

"အင်း"

"Moonie ကလည်း အစားကျွေးတာမစားဘူး... သူ့ကို ကျွေးနေတုန်း Sunnie က ရှူးတွေ အများကြီးထပ်ပေါက်တော့ diaper ထလဲပေးရပြန်ရော"

"အင်း အင်း"

"Moonie လေးကသာ ကျွေးရခက်တာ၊ ကြယ်လေးကျတော့ သူ့ဝေ‌စုတင်မကဘူး သူ့အမ‌ရဲ့ဝေစုပါ တောင်းစားနေလို့ ငါ့မှာ ဘယ်သူ့ကို ဘယ်နှလုတ်ကျွေးပြီးပြီလဲတောင် မမှတ်မိတော့ဘူး"

Jungkook မှာ Seokjin ကို သနားလည်းသနား၊ ရယ်လည်းရယ်ချင်သည့်စိတ်ကို အောင့်အီးကာ..

"အင်း"

"စောနကဆို Sunnie က ရှူးထပ်ပေါက်ရော..  အရှေ့မှာလည်း ရှယ်ပေါက်ထားတော့  သူ့diaperက အရမ်းလေးနေပြီ။ အဲ့ဒါ လဲပေးတာကို အလဲမခံပဲ ကော့လန်နေအောင်ငိုတာ"

"အင်း"

"သူငိုနေတုန်း Moonie ကလည်း တနေကုန် ကျွေးနေတုန်းကျမစားပဲ ခုမှဆာလာတယ်ထင်တယ်၊ မုန့်ကို လက်ညှိုးထိုးပြီး ထငိုရော"

"အင်း.. ဖြစ်ရလေ"

"ငါ့မှာ diaper အစွပ်မခံပဲငိုတဲ့သူရယ်၊ မုန့်ကျွေးတာကို ချေးများပြီးငိုနေတဲ့သူရယ်နဲ့  စိတ်ညစ်လာလို့ ငါပါ ငိုချလိုက်တာ.. ရွှတ်"

Jeon's Angelic Omega [ABO/kookjin] ✅Tahanan ng mga kuwento. Tumuklas ngayon