Kim Seokjin !! Kim Seokjin !!
"ဟင်"
Runway အတိုင်း တီးလုံးသံနှင့်အတူ Seokjin လျှောက်လာတော့ စင်အောက်က လက်ခုပ်သံများကြားမှ သူ့နာမည်ကို ပီပီသသ အော်ဟစ်အားပေးနေသံကို ကြားလိုက်ရသည်...
အသံက Jungkook အသံအတိုင်းပဲ... သူစိတ်စွဲပြီး နားကြားများမှားတာလား...
လျှောက်လမ်းတည့်တည့်ကိုသာ မျက်နှာမူထားပြီး ဟန်မပျက်လျှောက်လာနေရင်း တဖြတ်ဖြတ်ရိုက်နေကြသော ကင်မရာမီးများ၊ လင်းထိန်နေအောင်ထွန်းထားသည့် ဆလိုက်မီးများအောက်တွင် Supermodel Kim Seokjin ၏အလှက ၀င့်ကြွားလျက်...
အ၀တ်အစားဒီဇိုင်းကို ရိုးရှင်းစွာသာ ဆင်ယင်ပေးထားပြီး လက်၀တ်ရတနာကို အဓိကပြထားတော့ အဖိုးမဖြတ်နိုင်သည့် မျက်နှာလှလှလေးနှင့် တန်ဖိုးကြီးရတနာတွေက လိုက်ဖက်နေလိုက်တာများ...
ပေါင်တံရှည်ရှည် ခါးသွယ်သွယ်မှာမှ ငွေမျှင်ကြိုးလှလှတွေက တကယ့် perfect ... မော်ဒယ်လ်ကိုကြည့်ရမလား၊ Accessoriesတွေကိုကြည့်ရမလားဆိုတာ တကယ် လမ်းပျောက်စေနိုင်သူ...
လျှောက်လမ်းထိပ်အတိုင်း ခပ်သွက်သွက်လျှောက်လာတော့...
👶👶👶 ပါးပါး.... ပါးပါးရေ
Seokjin ၏နှာခေါင်းထဲ စူးခနဲ၀င်လာသည့် မက်မွန်ရနံ့နှင့် ချယ်ရီရနံ့ Pheromone က အလုံးအရင်းလိုက်...
သူ့မှာ ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်... ငါ့ကလေးတွေများလား...
Seokjin အိန္ဒြေမပျက်လျှောက်လာရင်း အသံလာရာ အရှေ့က VIP ခုံဖက်ကို အသာဖြတ်ခနဲကြည့်လိုက်တော့ လား လား...
Jungkook ရယ်၊ Jeon HoSeok တို့လင်မယားရယ်၊ သူ့ Appa ရယ်လေ။ သူ့ကလေးသုံးယောက်ကို မျှချီပြီး ရှေ့ဆုံးငါးမူးတန်းကနေ အပြတ်အသတ် အားပေးနေကြတာ...
Jungkook ဘယ်တုန်းက Jeon Hoseok ကို အပူကပ်ပြီး VIP ခုံရအောင် ယူလိုက်လဲမသိဘူး... သူ လှည့်ကြည့်လာတာလည်း မြင်ရော ကလေးတွေက ခုန်ပေါက်နေကြတာ ထိန်းမနိုင်သိမ်းမရ...
👶👶👶 ပါးပါးရေ... ပါးပါးရေ
လက်လေးတွေပါဆန့်ပြီး ချီစေချင်ကြဟန် အူမြူးနေကြတာ...
YOU ARE READING
Jeon's Angelic Omega [ABO/kookjin] ✅
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024