"ဒါဆို ကိုယ်က တူလေးနှစ်ယောက်နဲ့ တူမလေးတစ်ယောက် ရတော့မှာပေါ့.. ၀ါး.. မင်းသမီးလေးနဲ့ မင်းသားလေးတွေ လာတော့မယ်.. Congratulations !! Seokjin"
ပျော်ရွှင်၀မ်းသာစွာဖြင့် ဂုဏ်ပြုစကားပြောနေသည့် Jeon Hoseok သည် အပြုံးများကိုဖုံးမနိုင်ဖိမရ...
"ကလေးက သုံးယောက်တောင်မွေးမှာ၊ အဲ့ထဲက တစ်ယောက်လောက်တော့ Alpha ဖြစ်ဖို့မျှော်လင့်ရတာပဲ"
ရုတ်တရက် Mr Jeon ၏ မှတ်ချက်ကြောင့်..
"Appa.."
Jeon Hoseok ၏ စကားဟန့်လိုက်သည်ကို Mr Jeon မသိကျိုးကျွန်ပြုကာ...
"မိန်းကလေးကတော့ Omega ဖြစ်မှာပဲ၊ နောက်ထပ် ယောကျာ်းလေးနှစ်ယောက်သာ Omega တွေ မဖြစ်ကုန်ဖို့ အရေးကြီးတယ်"
ခုထိ ဘာပြန်ပြောရမယ်မှန်းမသိ အနည်းငယ် ဆွံ့အနေမိသည့်Seokjin၏ လက်ကိုဆွဲကာ Jungkook မတ်တပ်ထရပ်လိုက်ပြီး...
"ကလေးတွေက ဘာလေးတွေပဲဖြစ်လာဖြစ်လာ Seokjin အသက်နဲ့ရင်းပြီး လွယ်မွေးရမဲ့ ကလေးတွေမို့ ကျွန်တော်ကတော့ တန်ဖိုးထားတယ်"
ခေါင်းငုံ့ကာအားငယ်မနေပေမဲ့ စိတ်မကောင်းဖြစ်သွားတာ သိသာလွန်းသည့် Seokjin ကို Jungkook ငဲ့ကြည့်ကာ...
"ဒီလို ခွဲခြားတတ်တဲ့စိတ်မျိုးရှိရင် ကျွန်တော်တို့ကလေးတွေရဲ့အဘိုးဖြစ်ဖို့ မထိုက်တန်လောက်ဘူးထင်တယ်"
"Jungkook.."
Jungkook ၏လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ကာ Seokjin သတိပေးတော့..
"သွားကြစို့ Seokjin... ဒီနေ့ မင်း Appa ဆီသွားလည်ပြီး သတင်းကောင်း သွားပြောပြရမယ်မလား... သေချာတာက Ahjussi သာကြားရင် အရမ်းပျော်နေမှာ"
ထို့နောက် မျက်ထောင့်နီကြီးဖြင့် သူတို့ကိုကြည့်နေဆဲ Mr Jeon ကိုထားခဲ့ကာ Jeon အိမ်တော်မှ ထွက်လာလေသည်...
~~~~~~~~~~~××××××××××~~~~~~~~~~~
"ဒီမှာပဲထိုင်နေနော်.. ဘယ်မှ လျှောက်မသွားနဲ့"
"အင်း..အင်း"
Seokjin ကို လမ်းဘေး ခုံတန်းလျားလေးတွင် ခဏထိုင်စေကာ ခပ်လှမ်းလှမ်းတွင် မြင်နေရသည့် ငါးအသားချောင်းကင်ရောင်းသည့်ဆိုင်ကို Jungkook မြန်မြန်လျှောက်သွားလိုက်သည်...
ESTÁS LEYENDO
Jeon's Angelic Omega [ABO/kookjin] ✅
FanficSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024