Pt.54 🚨

2.2K 270 325
                                    

Jeon & Kim တို့၏ မင်္ဂလာလက်ထပ်ပွဲသည် အောင်အောင်မြင်မြင်၊ ခမ်းခမ်းနားနားပြီးဆုံးသွားသည်...

မင်္ဂလာပွဲလာဧည့်ပရိတ်သတ်များထဲတွင် ကိုရီးယားနိုင်ငံ၏ သမ္မတအပါအ၀င်၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ထိပ်သီးအရာရှိကြီးများ၊ ၀န်ကြီးများ၊ စီးပွားရေးလောကထဲမှ လုပ်ငန်းရှင်ကြီးများ၊ လူကုံထံအသိုင်းအ၀ိုင်းများ ပါ၀င်ကြသည်... ဤသည်ကား  Jungkook မနားမနေ တည်ဆောက်ယူခဲ့ရသည့် ဇွဲ၊ လုံ့လ၊ ဝီရိယတို့၏ အသီးအပွင့်များသာ...

ငယ်ငယ်ရွယ်ရွယ်ဖြင့် စီးပွားရေးလောက၏ ထိပ်ဆုံးနံပတ်တစ်,နေရာကို ပိုင်ဆိုင်ထားသည့် Jungkook သည် မည်သူမှ မော်မကြည့်၀ံ့သည့် မဟူရာ Dominant Alpha ဆိုသည့်ဂုဏ်ကိုပါ ထပ်ပေါင်းလိုက်တော့ အရှိန်အ၀ါက ကြောက်ခမန်းလိလိ...

Seokjin ဖက်မှ မင်္ဂလာဧည့်ခံပွဲလာ ဧည့်သည်များက အများအားဖြင့် သူ့ဖခင် Mr Kim ဖက်မှ အသိအကျွမ်းများရယ်၊ သူ၏လုပ်ဖော်ကိုင်ဖက်များရယ်၊ သူ၏အလုပ်ရှင်များရယ်မို့ သိပ်မများပေ...

သို့ရာတွင် လူအနည်းစုလည်း အနည်းစုအလျောက် သူ့ဧည့်သည်များက Low profile ဖြင့်နေကြသည့် ကမ္ဘာ့အချမ်းသာဆုံး သန်းကြွယ်သူဌေးများ၊ Luxury brandsသာ သီးသန့်ထုတ်သည့်သူဌေးများ၊ အကြီးစားဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပိုင်ရှင်များ အစရှိသဖြင့် သူ၏ မော်ဒယ်လ်အလုပ်နှင့် ဆက်စပ်ကြသူများက သူတို့ Supermodel လေး၏မင်္ဂလာဧည့်ခံပွဲကို  ဂုဏ်ယူစွာဖြင့် တက်ရောက်ချီးမြင့်ကြတာ...

ဒီလိုနေ,နေရရင်ကို ပျော်နေတာမို့ Seokjinကသူဟာ Luna မျိုးဆက်ဖြစ်တယ်ဆိုတာဘယ်တော့မှ လူသိစေမှာမဟုတ်ပေ။ မလိုအပ်ပဲ သူ့ရဲ့လွတ်လပ်မှုတွေကို မထိခိုက်ချင်လို့။ တကယ်လည်း Jungkook၏  ပြီးပြည့်စုံတဲ့ကာကွယ်မှုအောက်မှာ သူဟာ သာမန်မော်ဒယ်တစ်ယောက်လို လွတ်လွတ်လပ်လပ် နေထိုင်လို့ရနေတာမို့ သူက ဘာဆိုတာကို ဂုဏ်ဖော်ပြီး ပြောမနေတော့ပေ...

ထို့အပြင် ယခင် Mr Jeon၏ ကျော်ဇောမှုအရှိန်အ၀ါသာမက သားကြီး Jeon Hoseok ဆိုတာလည်း ပြည်တွင်း၊ ပြည်ပ အကြီးမားအအောင်မြင်ဆုံး Entertainment Company ကို ပိုင်ဆိုင်ထားတာမို့ ထိတ်ထိတ်ကြဲတွေစုနေသည့် Jeon မိသားစု၀င် ဖြစ်ရသည်မှာလည်း တန်ခိုးကြီးလှသည်...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now