“Jeon Jungkook !!”
Jungkookie ၏နာမည်ကိုအော်ခေါ်ကာ သူတို့အုပ်စုကြားထဲ ပြေး၀င်လာသည်က Jungkookie၏ Omma..
“Ajumma…”
Jungkookie၏ Omma ကိုလည်းမြင်ရော အားကိုးရာရသွားသလို ချက်ချင်းစိတ်လျှော့လိုက်သည့် Seokjinnie....
စိတ်သက်သာရာ,ရသွားသည်နှင့်တပြိုင်နက် သူ၏ အေးချမ်းသော ချယ်ရီ blossom ရနံ့ Pheromone များကို စတင်ထုတ်လွတ်လာသည်..
Seokjinnie ဆီက ငြိမ်သက်မှုကို ခံစားမိသည်နှင့် တပြိုင်နက် Jungkookie လဲ အသိပြန်၀င်လာလေသည်..
“Jungkookie ဘာလုပ်နေတာလဲ... ဒီကိုလာ သားသား”
Jungkookie ၏လက်ကိုဆွဲကာ သူတို့လူအုပ်ထဲမှ ခေါ်ထုတ်သွားရန်ပြင်တော့..
“Ajumma က ဘာသိလို့လဲ... ကျွန်တော်တို့ ဒီမှာ သူ့ကိုဆုံးမစရာလေးတွေ ရှိသေးတယ်”
အကြီးဆုံး၊ အဆိုးဆုံး Kim ကောင်လေးက ပြောလာသည်..
“Ajumma တောင်းပန်ပါတယ် သားတို့ရယ်.. Jungkook လေးက ငယ်သေးတယ်.. သူ မသိတတ်လို့ပါ.. Ajumma ပဲ တောင်းပန်ပါတယ်နော်”
Jungkookie ၏ Omma က လက်အုပ်ချီမတတ် တောင်းပန်ရှာသည်..
ထိုစဥ်..
“အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ”
အသံလာရာဖက်က Kim အိမ်တော်က ဒုတိယချွေးမ...
“ဟိုအခိုင်းစေမက ငါ့သားတွေကို ဘာလုပ်နေတာလဲ.. လူကြီးဖြစ်ပြီး ကလေးတွေအုပ်စုထဲ ဘာ ၀င်ပြီးအာဏာပြနေတာလဲ”
မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော Jungkookie၏ Omma က..
“မဟုတ်ရပါဘူးရှင်... Jungkook လေးကို လာခေါ်တာပါ”
Jungkookie Omma ၏ တုန်တုန်ယင်ယင်ပြန်ဖြေသံအဆုံး...
“ဟုတ်ရဲ့လား သားသား”
Kim ချွေးမက မေးလိုက်တော့ သူ့သားအကြီးကောင်က..
“မဟုတ်ဘူး.. သားတို့ကို Seokjin နဲ့ Jungkook ပေါင်းပီး အနိုင်ကျင့်နေတာ... Ajumma က မတားပဲ သားတို့ကိုလာဆူတာ”
“ဘာ!!”
“မဟုတ်ဘူး.. မဟုတ်ဘူး.. Ajumma ကို အဲ့လိုမပြောပါနဲ့”
ESTÁS LEYENDO
Jeon's Angelic Omega [ABO/kookjin] ✅
FanficSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024