Pt.53

1.6K 274 421
                                    

Jeon Jungkook နှင့် Kim Seokjin တို့၏ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲနေ့....

"Jungkook... ရေသောက်ဦးမလား"

နာမည်ကြီးသတင်းဖြစ်သည်မို့ သူ့ထက်ငါအလုအယက် သတင်းဦးတင်ချင်ကြသည့် သတင်းမီဒီယာဌာနများ၏ မေးခွန်းများအားလုံးကို တည်တည်ငြိမ်ငြိမ်ဖြေပြီးနောက် အားလုံး ပြန်သွားတော့မှ ရုတ်တရက် စိတ်လှုပ်ရှားလာဟန်တူသည့် Jungkook ကို Jeon Hoseokက လာကြည့်ရင်း မေးလိုက်သည်...

အင်္ကျီအပေါ်ဆုံးကြယ်သီးတစ်လုံးကို ခဏဖြုတ်လိုက်ရင်း လေပူတချို့ကို မှုတ်ထုတ်လိုက်သည့် Jungkook သည် ခုမှ စင်မြင့်ပေါ်တက်ဖူးမှာလည်းမဟုတ်..

ဒါပေမဲ့ ရင်ခုန်နေတာကတော့ ဘာနဲ့မှမတူ

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

ဒါပေမဲ့ ရင်ခုန်နေတာကတော့ ဘာနဲ့မှမတူ...

👶ဒယ်ဒီ.. ချီ

Jeon Hoseok၏ လက်ထဲမှ Sunnie လေးက သူ့ကိုချီစေချင်ဟန် Jungkook ကို လက်‌လေးကားပြတော့ Jungkook လှမ်းချီလိုက်ပြီး သားကြီးSunnie လေး၏ ပါးမို့မို့ကို နမ်းလိုက်သည်...

ရွှတ် !!

"ဒယ်ဒီ့သားပဲကောင်းတယ်.. အေးဆေးပဲ"

👶ခစ် ခစ် ခစ်

Sunnie လေး၏ မက်မွန်သီးရနံ့ Pheromone လေးကို ရှူလိုက်ရတော့  Jungkook စိတ်လှုပ်ရှားနေတာတချို့ ငြိမ်သွားရသလို...

"ခုနက ကင်မရာမီးရောင်တ၀င်း၀င်း၊ သတင်းထောက်တွေ အုပ်လိုက်ကြီးနဲ့တုန်းက  အေးဆေးနေသလောက် ခုမှ ဘယ်လိုဖြစ်ရတာတုန်း"

Jeon Hoseok ၏ စ,သလို အမေးကို...

"မတူဘူးလေဗျာ... hyung လည်း မင်္ဂလာမဆောင်ဖူးတာမဟုတ်ပဲနဲ့"

"မင်းက ပိုလွန်းတယ်"

"ဟူးးးး... Seokjin ဆီသွားလိုက်ရင် စိတ်ငြိမ်သွားမလားမသိ"

Jeon's Angelic Omega [ABO/kookjin] ✅Hikayelerin yaşadığı yer. Şimdi keşfedin