Jungkook၏ ဖြူ၀င်းပြည့်တင်းနေသည့် ၀မ်းဗိုက်ကြွက်သားတလျှောက်ကို Seokjin က သူ့လက်ချောင်းလေးများဖြင့် သေချာစမ်းကြည့်နေပြီး...
"မင်းကို ငါကဆေးရုံမခေါ်သွားလိုက်နိုင်တော့ စိတ်တိုင်းမကျဖြစ်နေတာ၊ ခွဲစိတ်ခန်းထဲမှာသေချာခွဲပြီး မချုပ်လိုက်ရတော့လေ"
အမာရွတ်တောင် ရှာမရအောင် ဒဏ်ရာများက လုံး၀ပျောက်သွားသည်မို့ ခုမှ စိတ်အေးသွားဟန်ဖြင့် Seokjin သက်ပြင်းချလိုက်သည်...
ထိုစဥ် သူ့ကို ပေါင်ပေါ်တင်၍ ပွေ့ချီထားဆဲ Jungkook က ခါးမှ ခပ်တင်းတင်းဖက်ကာ သူ့ပခုံးပေါ် မေးတင်ပြီးငြိမ်နေတော့...
"ဘာဖြစ်လို့လဲ Jungkook"
Jungkook အတော်ကြာကြာတိတ်ဆိတ်နေပြီးမှ...
"ငါ မင်းကို ဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့တာ"
သူ့ကိုပွေ့ဖက်ထားရာမှ Seokjin အနည်းငယ်ခွာလိုက်ပြီး Jungkook ၏မျက်၀န်းများကို စိုက်ကြည့်နေရာ...
"ငါ့မျက်စိရှေ့မှာ မင်းကိုထည့်ထားတဲ့ သံလှောင်အိမ်က မီးဟုန်းဟုန်းလောင်ကျွမ်းနေတဲ့အချိန် ငါ့ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလိုပဲ"
"Jungkook -"
"ငါထင်ထားတာက မင်းကို ဒီလိုအန္တာရယ်တွင်းထဲ ကျလုဆဲဆဲအခြေအနေတွေကနေ အကြိမ်ကြိမ် ပြန်လုယူခဲ့ဖူးတော့ ငါ့ကိုငါအများကြီး သန်မာနေပြီပေါ့...
ဥပမာ မင်းအကို၀မ်းကွဲတွေနဲ့ တိုက်ခိုက်ရတဲ့အချိန်၊ မင်း ပထမဆုံးအကြိမ် heat၀င်တော့ အဝေးပြေးလမ်းမကြီးရဲ့ဘေးက တောအုပ်ကြီးထဲမှာ မှောင်နဲ့မည်းမည်း မင်းကို လိုက်ရှာရချိန်၊ မင်း ကိုယ်၀န်ပျက်ကျမလိုဖြစ်တော့ ငါပါ အရူးတပိုင်းဖြစ်ခဲ့ရချိန်"
ထိုစကားကိုပြောနေရင်း Seokjin ၏ မျက်၀န်းညိုများကို မော့ကြည့်နေသော Jungkook သည် နူးနူးညံ့ညံ့ရှိသလောက် နာကျင်၊ စိုးရွံ့မှုတချို့လည်း ရှိနေသည်...
"ငါ့စိတ်ထဲမှာတွေးထားတာက မင်းမရှိတော့ဘူးဆိုလည်း ဘာဖြစ်လဲ၊ ငါ မင်းနောက်လိုက်လာမှာပဲလေပေါ့... ဒါပေမဲ့.. ဒါပေမဲ့ မနေ့ညလိုမြင်ကွင်းမျိုးက ငါ့ကို အကြိမ်ကြိမ်သေဆုံးစေနိုင်မှန်း ငါမသိခဲ့ဘူး"
YOU ARE READING
Jeon's Angelic Omega [ABO/kookjin] ✅
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့... Start : 14.10.2023 End : 27.7.2024