Pt.47

1.6K 304 644
                                    

"Seokjin.."

Seokjin ၏နာမည်ကိုညည်းရင်း ခန္ဓာကိုယ်မှ နာကျင်မှုဒဏ်ကို ခံစားနေရသည့် Jungkookသည် Mr Jeon ၏ နည်းမျိုးစုံဖြင့်  နှိပ်စက်ခြင်းကိုခံနေရသည်...

သူ့ရင်ဘတ်ဆီမှ သွယ်တန်းထားသည့်ပိုက်နှင့် အဆို့အရှင်တခုစီမှ နှလုံးသွေးများက  အောက်၌ရှိသောပုလင်းထဲသို့ တသွင်သွင်စီးဆင်းနေစေတာ...

ထိုနာကျင်မှုထက် Seokjin နှင့် ကလေးများကို ဘယ်လိုသွားကယ်ရမလဲဆိုတာ သူ အသည်းအသန်စဥ်းစားနေရသည်...

အရင်တခေါက်က အတွေ့အကြုံအရ သူကလွယ်လွယ်နှင့်တော့ သေမဲ့ပုံမပေါ်တာမို့ ခုလိုနှလုံးသွေးထုတ်ခံထားရတယ်ဆိုရင်တောင် တညလောက် ကောင်းကောင်းနားလိုက်ရင်  ပြန်ကောင်းလာမဲ့ အခြေအနေမှာရှိတယ်...

ဒါပေမဲ့ Seokjinက ကလေးတွေနဲ့.. ကလေးတွေက ခုဆိုရင်တော့ ချောချောမွေ့မွေ့နဲ့ မွေးလာလောက်ပြီလို့ မျှော်လင့်ပါတယ်...

"ဒယ်ဒီ့ကိုခွင့်လွတ်ပါ ပဲစေ့လေးတို့ရယ်...  မင်းတို့လေးတွေ ပါးပါးရဲ့ဗိုက်ထဲက ထွက်လာလာခြင်း ဒယ်ဒီ အနားမှာမရှိပေးနိုင်လို့ ဒယ်ဒီ့ကိုခွင့်လွတ်ပါ"

စိတ်ကို အစွမ်းကုန်တင်းထားသော်လည်း သူ၏ပထမဦးဆုံး ကလေးများ မွေးဖွားချိန်တွင် အနားမှာရှိခွင့်မရသည့် ခံစားချက်က ဘာနဲ့မှမလဲနိုင်လောက်အောင် နာကျင်လှသည်...

သူ့ရဲ့မိတ်က သူ့ကလေးတွေအများကြီးကို သူမရှိပဲ လူယုတ်မာတွေရဲ့လက်ထဲမှာ  အသက်လုပြီး မွေးနေရသည်ဆိုသည့်အသိက သူ့ရင်ကို အကြိမ်ကြိမ်ကွဲစေတာပေါ့...

Jungkook၏အခြေအနေကို ကြည့်ကာ Mr Jeon ကျေနပ်အားရနေစဥ် ရုတ်တရက် Seokjin ၏အခြေအနေကို သိချင်သောကြောင့် သူ့ဖုန်းမှတဆင့် Seokjin ရှိရာခွဲစိတ်ခန်း၏ CCTV ကို လှမ်းကြည့်လိုက်တော့..

"ဟင်"

မည်သူမှရှိမနေသည့် ခွဲစိတ်ခန်းကြောင့် Mr Jeon အံ့အားသင့်သွားသည်...

"သူ့ကိုချုပ်ထားမဲ့နေရာဆီ ပို့လိုက်ပြီလားမသိဘူး"

နောက်အခန်းတစ်ခန်းရှိရာ CCTV ကို လှမ်းကြည့်လိုက်တော့လည်း မည်သူမှမရှိနေတော့  Mr Jeon စဥ်းစားရကျပ်သွားသည်..

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now