Pt.41

2K 330 437
                                    

"S**t !!"

Min Yoongi သူ့နှုတ်မှ အသံထွက်သွားမိပေမဲ့ သူ့မျက်စိရှေ့က Seokjin ၏မျက်လုံးများကို အကြည့်မလွဲနိုင်တော့ပေ..

လက်တစ်ဖက်က Jungkook ၏ကျောကို သပ်ပေးနေရင်း သူ့ကိုကြည့်နေသည့် Seokjin ၏မျက်လုံးများသည် မျက်ဆံများကအစ အဖြူရောင်.. စောနက မြင်လိုက်ရသည့် မျက်၀န်းပြာများကနေ အရောင်ထပ်ပြောင်းလာတာ...

ထိုမျက်လုံးများကို ကြည့်နေရင်း သူ့နှာဖျား၀ဆီ တိုး၀င်လာသည့် အေးစက်စက်ချယ်ရီရနံ့ Pheromone က သူ၏အသိစိတ်များကို ထုံထိုင်းစေသည်...

ထိုစဥ် သူ့နားစည်ထဲ အနီးကပ်လာပြောနေသလို ကြားလိုက်သည်က..

အဲ့ဒီသေနတ်နဲ့ ကိုယ့်ခေါင်းကိုပြန်ချိန်လိုက်

ဘယ်သူပြောနေတာလဲဟု သူကယောင်ကတမ်းတွေးနေသော်လည်း သူ့အနားတွင် အရမ်းနီးနီးကပ်ကပ် ဘယ်သူမှမရှိ၊ သူမြင်နေရတာက ခပ်လှမ်းလှမ်းမှာရှိတဲ့ Seokjinရဲ့ အဖြူရောင်မျက်ဆံများကိုသာ...

Seokjin ကများ နှုတ်ခမ်းမလှုပ်၊ အသံမထွက်ပဲ သူ့ခေါင်းထဲထိ ၀င်လာအမိန့်ပေးနေတာလား...

"ကို..ကိုကို-"

Jimin ၏ အလန့်တကြားအသံကြောင့် အသိစိတ်လွင့်နေသလိုဖြစ်နေသော Min Yoongi သည် လက်ရှိအခြေအနေကို ပြန်ရောက်သွားသည်... သို့ရာတွင် ဘယ်လိုဖြစ်လို့ သူ့လက်က သေနတ်ရဲ့ပြောင်း၀က သူ့နားထင်ကို ပြန်ထောက်ထားတာလဲ...

တခဏအတွင်းမှာကိုပင် ရုပ်နှင့်နာမ် တခြားစီဖြစ်သွားသလိုမို့ Min Yoongi ထိတ်လန့်လာသည်...

သူ့လက်ကိုသူ အောက်ပြန်ချရန် ကြိုးစားသော်လည်း အနည်းငယ်မျှပင် လှုပ်လို့မရသည့်အပြင် လက်ညှိးတချက်ကွေးလိုက်ရုံနှင့် သူ့သေနတ်ကျည်ဆံက သူ့ခေါင်းထဲတန်း၀င်သွားမှာ..

"Hyung တို့ကိုမသတ်ပဲ လွတ်ပေးလိုက်ဖို့ Jungkook ကို ကျွန်တော်ဖျောင်းဖျနေတာက ကျွန်တော်တို့ကြားက ဒီအငြိုးအာဃာတတွေကို အဆုံးသတ်ချင်လို့၊ ဒါပေမဲ့ hyung ကို ကြည့်ရတော့ လောကကြီးကို စိတ်ကုန်နေပုံပဲ.. ဟုတ်လား?"

Jungkook ၏ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးနေသည့် Seokjin သည် Min Yoongi အား စိုက်ကြည့်နေသည့်အကြည့်များကို တချက်မှမလွဲပဲ ပြောနေသည့်လေသံကလည်း အနိမ့်အမြင့်မရှိ၊ အေးစက်စက်...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now