Pt.9

2.4K 304 165
                                    

"Jeon...ဘာဖြစ်လို့ အကာအကွယ်သုံးတာလဲဟင်"

သူ့ရင်ဘတ်ပေါ်မှောက်အိပ်ကာ သူ့၀မ်းဗိုက်ကြွက်သားများပေါ် လက်ညှိုးဖြင့် စာရေးသလို လျှောက်ခြစ်နေသော Park Jimin၏ လက်ကိုအသာဆွဲဖယ်ကာ...

"ရှင်းရှင်းလေးပဲလေ.. ကလေး မလိုချင်လို့ပေါ့"

"အင်း.. Jeon က ငယ်သေးလို့လား.. ဒါမှမဟုတ် တာ၀န်ယူရမှာစိုးလို့လားဟင်"

ကုတင်ဘေးပုံကျနေသော bathrobeကို Jungkook ကောက်ယူကာ ပတ်လိုက်ရင်း...

"ကိုယ် ရေအရင်ချိုးလိုက်မယ်.. ချိုးပြီးရင် Jiminကို အိမ်ပြန်လိုက်ပို့ပေးမယ်"

ပြောရင်း ရေချိုးခန်းထဲ၀င်မည်အပြု..

"မေးတာမဖြေချင်တာလား... အဲ့ဒီလိုမေးတာ မကြိုက်လို့လား"

ယခုထက်ထိ အ၀တ်မကပ်သေးပဲ နှင်းဆီရနံ့ Pheromone ခပ်အီအီပျံ့လွင့်နေဆဲ ကုတင်ပေါ်မှ Park Jimin ကို လှည့်ကြည့်ပြီး...

"Jimin က ချစ်စရာလေးပါ... ဒါပေမဲ့ ကိုယ်နဲ့အိပ်ဖူးတဲ့သူတိုင်းမေးတဲ့ အဲ့ဒီလိုပျင်းစရာမေးခွန်းမျိုးတွေ မမေးရင် ပိုချစ်စရာကောင်းမယ်ထင်တယ်"

Park Jimin ဘယ်လိုဖြစ်ကျန်ခဲ့မည်ကို လှည့်မကြည့်တော့ပဲ Jungkook ရေချိုးခန်းထဲ၀င်ကာ ရေချိုးနေလိုက်လေသည်..

~~~~~~~~~~~××××××××××~~~~~~~~~~~

ခဏအကြာ သူတို့၂ယောက် ဟိုတယ်မှပြန်ထွက်လာတော့ Jungkook ကားမောင်းနေရင်း Seokjin၏ဖုန်းကို ခေါ်နေသည်...

ကိုင်သူမဲ့နေသည့်ဖုန်းကြောင့် သူသတိမထားလိုက်မိခင်မှာပင် ဒေါသကထွက်လာသည်..

"အ့.."

သူ့ဘေးမှ ညည်းညူသံသဲ့သဲ့ကြောင့် လှည့်ကြည့်လိုက်တော့ Park Jimin..

မျက်နှာလေးရှုံ့မဲ့ကာ Jungkook ဆီမှ စတင်ထုတ်လွတ်လာသော ခပ်ပြင်းပြင်းမက်မွန်၀ိုင်ရနံ့ Pheromone ကို မခံမရပ်ဖြစ်နေပုံ..

"Sorry Jimin.. ကိုယ်သတိလွတ်သွားလို့"

Jungkook တောင်းပန်စကားဆိုလိုက်သော်လည်း အကြည့်များက လက်ထဲကဖုန်းမှာပဲ...

"အင်း.. ဘယ်သူ့ကို ဖုန်းခေါ်နေတာမို့လဲ Jeon"

"ဟိုအခိုင်းအစေကောင် Kim Seokjin ကို"

Jeon's Angelic Omega [ABO/kookjin] ✅Donde viven las historias. Descúbrelo ahora