အပိုင်း - ၄
Black Eagle ၏ တော်ဝင်အခမ်းနားအတွက် ပြင်ဆင်ထားပုံက ကြက်သီးထဖွယ်ရာ။ လျှောက်လမ်းတစ်လျှောက်လုံး အနက်ရောင်သိန်းငှက်ရုပ်ထုကြီးများ ထုလုပ်ထားပြီး မီးရောင်အားလုံးက အနီရဲရဲ။ စောင့်ကြပ်နေသူများက Black Eagle ဂိုဏ်းသားများ။ အားလုံးက တူညီဝတ်စုံများ ဝတ်ထားပြီး ဦးညွတ်လျှက်။
လာဗင်ဒါနံ့ခပ်စူးစူးက ရာ လုံးဝမကြိုက်သည့် အနံ့။ သို့သော်လည်း ရာ ဘာမှမပြောဖြစ်။ ဒီအခမ်းနားကို အမြန်ပြီးသွားလိုက်ချင်သည်။ ရာက ဒီလိုတွေ ကြိုက်တတ်သူမဟုတ်။ ရှုပ်ရှုပ်ယှက်ယှက်တွေဟုသာ မှတ်ယူထားသူ။
ရှိန်လျှံခွင်းက ရာ့ဆီ လက်တစ်ဖက်ကို ကမ်းပေးသည့်အခါ ရာ သက်ပြင်းချပြီး လက်ပြန်တွဲလိုက်ရ၏။ ရာတို့ လျှောက်ဝင်လာသည့် လမ်းတစ်လျှောက် ရာနှင့် ရှိန်လျှံခွင်းကို အားလုံးက ဦးညွတ်ကြရသည်။
ရာ ထိုင်ရမည့် ထိုင်ခုံနောက်ခံကလည်း သိန်းငှက်တောင်ပံပုံဖြစ်သည်။ သေသေချာချာ ထုဆစ်ထားပုံရသည်။ အသက်ဝင်ကာ လက်ရာမြောက်လွန်းလှသည့် တောင်ပံကြီးများက ဝံ့ဝံ့ကြွားကြွား။ ရာက ထိုင်ခုံပေါ်ထိုင်လိုက်၏။ ခုံက နှစ်ယောက်စာ ကောင်းကောင်းထိုင်လို့ရသည့် အနေထားဖြစ်သည်။
ခဏအကြာတွင် ရာ ကိုယ်တိုင် နှလုံးကို ဆွဲနှုတ်ခဲ့သည့် သိန်းငှက်ကြီး၏ Dead Body ကို ဆရာဖြစ်ဟန် လူတစ်ယောက်က သယ်လာပေးသည်။ မျက်နှာက တင်းမာနေပြီး နှုတ်ခမ်းများ တင်းတင်းစေ့ထားသည့် ထိုလူက ရှိန်လျှံခွင်းရှေ့ရောက်သည့်အခါ ဦးညွတ်ပြီး အရိုအသေပြုသည်။
ရှိန်လျှံခွင်းက ဘေးနားစင်ပေါ်တင်ထားသည့် ငွေရောင်ဓားရှည်ကို ဟန်ပါပါလှမ်းယူပြီး တစ်ချက်တည်းဖြင့် သိန်းငှက်နှုတ်သီးအား ဖြတ်ထုတ်ပစ်လိုက်သည်။ ရာ ကြည့်နေရင်း သိပ်တော့ နားမလည်လှ။
ကျသွားသည် သိန်းငှက်နှုတ်သီးကို ထိုလူက သေသေချာချာကောက်ယူပြီး ရွှေရောင်ရေခွက်ထဲတွင် သေချာစွာ ဆေးကြောသန့်စင်သည်။ ပြီးမှ ရှိန်လျှံခွင်းဆီ ယူလာပေး၏။
ထို့နောက် ရှိန်လျှံခွင်းက ရာ၏ အင်္ကျီကြယ်သီးလေးကို အပေါ် (၃) လုံးလောက်ဖြုတ်ပြီး ကော်လံမှကိုင်ကာ ပခုံးသားပေါ်သည်အထိ ဆွဲချလိုက်၏။ ရာ မျက်လုံးလေးများ ဝိုင်းစက်သွားကြသည်။
BẠN ĐANG ĐỌC
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Teen Fiction(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။