အပိုင်း - ၅၅
ဒေါ်ခတ္တာက ရှိုင်း၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးနေသည်။ ရှိုင်းက ဒေါ်ခတ္တာရင်ခွင်ထဲမှာ တရှုံ့ရှုံ့ငိုနေရှာ၏။ ဝေမင်းနှင့်ရှိုင်းက Black Eagle အိမ်တော်သို့ ညစာစားရန်ရောက်ရှိနေခြင်း။
ရှိုင်းက ဒေါ်ခတ္တာနှင့်တွေ့ကတည်းက အရင်အကြောင်းများပြောလိုက်၊ ငိုလိုက်လုပ်နေရှာ၏။
ဝေမင်းကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်မသက်သာလှ။ သို့သော် တချို့အရာများက ထိုသို့ထုတ်ပြောလိုက်မှသာ စိတ်သက်သာရာရနိုင်သည်မဟုတ်လား။ ထို့ကြောင့် ဝေမင်းက သက်ပြင်းချရင်းသာ ကြည့်နေရ၏။
အတန်ကြာမှ ဒေါ်ခတ္တာက ရှိုင်း၏ ပခုံးလေးများကို ခပ်ဖွဖွပုတ်ပေးရင်း စကားစသည်။
"ရှိုင်းလေး.. မငိုနဲ့တော့လေ.. ဒီလောက်ငိုနေရင် ခေါင်းတွေကိုက်တော့မှာပဲကွယ်"
"အင့်... ရှိုင်း... တောင်းပန်ပါတယ် အန်တီလေး"
"ရှိုင်းလေးက ဘာတောင်းပန်စရာလိုလို့လဲကွယ်.. အားလုံးက ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့တာတွေပါပဲ.. မငိုနဲ့တော့နော်.. အခုဆိုရင် အန်တီလေးနဲ့ ရှိုင်းလေးလည်း ပြန်တွေ့ရပြီလေ.. တိတ်တော့.."
"ရှိုင်း.. ရှိုင်းလုပ်ခဲ့တာတွေကို အန်တီလေးက ဘာလို့ ခွင့်လွှတ်နိုင်ရတာလဲ.. အန်တီလေးနဲ့ရာက အခုလို ခွင့်လွှတ်တော့ ရှိုင်းနေရခက်တယ်.. အင့်"
"လူတိုင်းက မှားတတ်ပါတယ်ကွယ်.. အမှားကိုသိပြီး ပြင်ချင်စိတ်ရှိဖို့ပဲလိုတာပါ.. ရှိုင်းလေးက ဆက်မှားနေတဲ့လူမှ မဟုတ်တာကွယ်.. အန်တီလေးက ခွင့်မလွှတ်စရာအကြောင်းရှိပါ့မလား"
"အန်တီလေး.. ရှိုင်းကလေ.. တကယ် တောင်းပန်ပါတယ်နော်"
"ရှိုင်းလေးရယ်... အန်တီလေးက စိတ်ထဲမှာ ဘာမှမရှိတော့ပါဘူး.. ရှိုင်းလေးကိုလည်း နားလည်တယ်.. ပြီးတော့ ရှိုင်းလေးက အန်တီလေးချစ်ရတဲ့ တူလေးပါပဲကွယ်"
"ကျေးဇူးတင်ပါတယ်"
"ကဲ ကျေးဇူးတင်တယ်ဆိုရင်လည်း မငိုနဲ့တော့.. တော်ကြာ ဖျားနေမယ်.. ရှိုင်းဖျားရင် ပြုစုပေးရမယ့် ရှေ့ကကောင်လေးကို အားနာစရာကွယ်"
YOU ARE READING
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Teen Fiction(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။