အပိုင်း - ၁၆
ခွင်း ပြန်ရောက်သည်နှင့် ရာ၏ အခန်းဆီ အပြေးတက်ခဲ့သည်။ ရာက ခွေခွေလေးလှဲနေပြီး ရှိုင်းက ရာ၏ လက်လေးများကို ရေစိုသဘတ်လေးဖြင့် သုတ်ပေးနေလေ၏။ ခွင်းက ရာ၏ ကုတင်ပေါ်ဝင်ထိုင်လိုက်ပြီး ရာကို ပွေ့ထူလိုက်သည်။
"ရာ.."
ခွင်းခေါ်လိုက်သည့်အခါ ရာက မျက်လုံးလေးဖွင့်ကြည့်၏။
"ပြန်လာပြီလား"
"ရာရယ်.. ဘာလို့အဲ့လိုတွေ တွေးရတာလဲ.. ကိုယ်က ရာမရှိရင်မဖြစ်ဘူးလေ... ရာသာ တစ်ခုခုဖြစ်သွားရင် ကိုယ်ပါသေလိမ့်မယ်.. ကိုယ့်ကို နည်းနည်းလောက်သနားပေးပါလား"
"ရာ.. တောင်းပန်ပါတယ်.. စိတ်လွတ်သွားမိလို့ပါ"
"နောက် အဲ့လိုတွေ မလုပ်ရဘူးနော် ရာ.. ကိုယ်ရင်တွေပူသွားတာပဲ..ရာရယ်"
"အွန်း.. ရာ တောင်းပန်ပါတယ်"
"ရတယ်.. ရာ တောင်းပန်ဖို့မလိုဘူး... နောက်ဆို ရာ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်ရင်ရပြီ.. ကိုယ် ရင်ကွဲရအောင်မလုပ်ပါနဲ့"
ရာက ခေါင်းလေးညိတ်သည်။ ခွင်းက ရာကို ဖက်ထားပြီး ကျောလေးကို ပုတ်ပေးနေမိ၏။ ခဏကြာမှ ခွင်းက ရာကို ရင်ခွင်မှခွာထုတ်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။
"လာ.. ရာ စိတ်ပြေအောင် ကိုယ်လုပ်ပေးမယ်"
ခွင်းက ရာကို လက်ဆွဲပြီး ကုတင်ပေါ်မှ ခေါ်ချလိုက်သည်။
"ဘာလုပ်.. မလို့.. လဲ ဟင်"
ခွင်းက မဖြေပါ။ ရာကို ခေါ်ပြီး အခန်းထဲမှထွက်ခဲ့လိုက်၏။ ခွင်း ဦးတည်ရာက မေမိုင်း၏ အခန်းဆီသို့။
.......................................................
ခွင်းက မေမိုင်း၏ အခန်းတံခါးကို ခြေထောက်ဖြင့် ကန်ပြီးဖွင့်ပစ်လိုက်သည်။
-ဝုန်း-
"မေမိုင်း"
ခွင်းကို မြင်သည်နှင့် မေမိုင်းက မှန်တင်ခုံမှ ထလာခဲ့သည်။ အိမ်စေလေးများကတော့ ခွင်းကို ဦးညွတ်အရိုသေပေးလေ၏။
"ခွင်း.. ဘယ်လို ရောက်လာတာလဲ... မေမိုင်းဆီလာမယ်ဆိုတာ ကြိုလည်းမပြော.. ဟင်"
ESTÁS LEYENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Novela Juvenil(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။