အပိုင်း - ၇
Red Tiger အိမ်တော်ကို ရာ ကြည့်ရင်း နှုတ်ခမ်းတစ်ဖက်တည်းကို ကွေးတက်နေအောင်ပြုံးလိုက်သည်။ ချစ်စရာကောင်းသည့် ရာက ရှပ်လက်ရှည်အနီလေးသာ ဝတ်ထားသော်လည်း ခွင်းကတော့ အနောက်တိုင်းဝတ်စုံပြည့်ဖြင့်ဖြစ်သည်။ သို့သော် ခွင်းက Necktie တော့ စည်းထားခြင်းမရှိ။ အပေါ်ကုတ်ကိုလည်း ကြည်သီးတပ်မထား။ ရာနှင့်လိုက်ဖက်အောင် ပြင်ဆင်ထားဟန်။
ခွင်းနှင့် ရာက အိမ်တော်ဆီဝင်လာပြီး ဧည့်ခန်းဆီဦးတည်လိုက်သည်။
ရာက ဧည့်ခန်းထဲတွင် ထိုင်နေသည့် ဒယ်ဒီကို ဦးညွတ်လိုက်သည်။
"ဒယ်ဒီ နေကောင်းရဲ့လား"
"ကောင်းတယ်"
ဒယ်ဒီ၏ အဖြေက ထိုမျှသာ။
ရှိန်လျှံခွင်းက ရာ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီးမှ ဦးမိုးမြင့်အောင်ကို ဦးညွတ်အရိုသေပေးသည်။
"ရှိုင်း.. ရှိန်လျှံခွင်းနဲ့ ရာကို ဘိုးဘေးခမ်းမဆီခေါ်သွားဖို့ ပြင်ပေးလိုက်"
ဦးမိုးမြင့်အောင် အမိန့်ပေးလိုက်သည့်အခါ ရှိုင်းက ခေါင်းညိတ်ပြသည်။
ထို့နောက် ခွင်းနှင့် ရာတို့က Red Tiger ၏ ဘိုးဘေးကန်တော့ရာ အဆောင်သို့ရောက်လာကြသည်။ Red Tiger ၏ အိမ်တော်ကလည်း Black Eagle လိုပင်။ မဟာဆန်သည်။ အထက်တန်းအငွေ့သက်များဖြင့် ဖုံးလွှမ်းလျှက်။
အဖြူရောင် လီလီပန်းများဖြင့် ပြင်ဆင်ထားသည့် ကန်တော့ပွဲအခမ်းနားကြောင့် ခွင်း မျက်မှောင်ကျုံ့မိသွားသည်။ ထိုအရာကို ရာက ချက်ချင်းသိသည်။
"ဘာလို့လဲ.. ခင်ဗျားက လီလီပန်းတွေကို မကြိုက်ဘူးလား"
"အဟင်း.. ရာက ကိုယ့်ရဲ့ အရိပ်အကဲကို သိပ်သိတတ်တာပဲကွာ"
"ခင်ဗျားရဲ့ ပုံစံက သိသာနေတာ.. ရာက အလိုက်သိတာမဟုတ်ဘူး"
"ရာက Peony ပန်းတွေ ကြိုက်တယ်မဟုတ်လား.. ဘာလို့ အခမ်းနားမှာ လီလီပန်းတွေနဲ့ ပြင်ထားရတာလဲ.. ဒါကြီးကိုတော့ သဘောမကျဘူးကွာ"
ရာက သက်ပြင်းချသည်။
"ဒယ်ဒီရဲ့ အချစ်ဆုံးဇနီးက လီလီတဲ့.. ပြီးတော့ လီလီပန်းကြိုက်တယ်.. အဲ့ဒါကြောင့် Red Tiger ရဲ့ ဘယ်အခမ်းနားမဆို လီလီပန်းပဲသုံးတယ်"
![](https://img.wattpad.com/cover/354597677-288-k49719.jpg)
ESTÁS LEYENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Novela Juvenil(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။