Part 6

32.1K 1.2K 31
                                    

အပိုင်း - ၆

ရာက ရေကူးကန်ဘေးရှိ မြက်ခင်းလေးပေါ်ထိုင်နေပြီး အစေခံလေးများကတော့ ရာအတွက် စတော်ဘယ်ရီသီးလေးများကို အညှာခြွေပေးနေရ၏။ ရာက ခွင်းလို မျက်နှာထားနှင့်မနေ။ အမြဲပြုံးရွှင်နေတတ်သဖြင့် ရာကိုပြုစုရသည့် အစေခံလေးများက ပျော်နေတတ်သည်။

"သက်သက်.. နောက် (၅) လုံးလောက်ပဲ အညှာခြွေတော့.. တော်ပြီ"

"ဟုတ်ကဲ့ သခင်လေး"

"ဒါနဲ့ ဦးရှိန်လျှံခွင်းက အလုပ်များနေတာထင်တယ်.. ဒီရက်ပိုင်း အိမ်တော်မှာ သိပ်မမြင်ရသလိုပဲ"

"ဟုတ်တယ် သခင်လေးရဲ့.. သခင်ခွင်းက အခုတလော အလုပ်များနေတယ်"

"အစားအသောက်ရော ပုံမှန်စားရဲ့လားမသိ"

"သခင်လေးက သခင်ခွင်းကို စိတ်ပူနေတာလား.. သခင်ခွင်းသာသိရင်တော့ ပျော်နေတော့မှာပဲ"

"ဟမ်"

"ဟုတ်တယ် သခင်လေးရဲ့.. သခင်ခွင်းက သခင်လေးနဲ့ ပတ်သက်ပြီးသာ ပြုံးတာရယ်တာလေ.. သက်သက်တို့ဆိုရင် သခင်ခွင်း ရယ်တာ တစ်ခါတောင်မတွေ့ဖူးဘူး.. သခင်လေးရောက်လာမှ သခင်ခွင်းရယ်တာ မြင်ဖူးတယ်... အခုဆို သခင်ခွင်းက မနက်စာစားလည်း ပြုံးရွှင်နေတာပဲ"

"အာ.. ဒါနဲ့ သက်သက်.. တစ်ခုလောက်မေးမလို့"

"မေးပါ သခင်လေး"

"သူ့ဆီမှာရှိတဲ့ မိန်းကလေးတွေထဲမှာလေ သူ သဘောကျတဲ့သူ မရှိဘူးလား"

"သက်သက် သိသလောက်တော့ သခင်ခွင်းက ဘယ်မိန်းကလေးကိုမှ သဘောမကျပါဘူး"

"ဪ.."

ဒီရက်ပိုင်း ရှိန်လျှံခွင်းက အလုပ်များနေပြီး ရာ့အနား သိပ်မနေနိုင်ပေ။

ရာ့ကိုလည်း Black Eagle ၏ အလုပ်များကို ခိုင်းလေ့မရှိ။ ရာက ကူလုပ်ပေး၍ရသော်လည်း ရှိန်လျှံခွင်းကတော့ ရာ့ကို အိမ်တော်မှာသာ ထားသည်။

ရုတ်တရက် ရာ့ဘေးတွင် ဝင်ထိုင်ပြီး ရာစားခါနီး စတော်ဘယ်ရီလေးကို ယူစားလိုက်သည့် ရှိန်လျှံခွင်း။ ရာ့လက်လေးကို ဆွဲယူပြီးစားလိုက်သည့်အတွက် ရာ့လက်လေးက ရှိန်လျှံခွင်း၏ နှုတ်ခမ်းသားတို့နှင့် ခေတ္တာမျှ ပွတ်တိုက်မိသွား၏။

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Donde viven las historias. Descúbrelo ahora