အပိုင်း - ၉
ခွင်းက အရောင်းဝယ်တစ်ခုကို ဝေမင်းနှင့် ပြောနေသော်လည်း တစ်ချက်တစ်ချက် ထထရယ်သည်။ ထို့ကြောင့် ဝေမင်းမှာ ခေါင်းကုတ်နေရ၏။ ခွင်းက အလုပ်ကိစ္စကြည့်နေရင်း တစ်ခုခုကို တွေးပြီး ရယ်နေပုံရသည်။ အတန်ကြာမှ ခွင်းက ဝေမင်းကို ကြည့်ပြီး မေးသည်။
"ဒီတစ်ခေါက် ငါမလိုက်လို့ရမလား"
"ဟမ်.. ငါပဲ သွားရမှာလား"
"အင်း... ငါ့အမြင်တော့ မင်းနဲ့တင်ဖြစ်ပါတယ် ဝေမင်း.. ငါ လိုက်ရတဲ့အထိလည်း အရေးမကြီးဘူးထင်တယ်"
"ပြီးရောလေ.. ငါ လုပ်လိုက်လို့ရပါတယ်.. ဒါနဲ့ မင်းကိုမေးဦးမယ် ခွင်း"
"မေးလေ"
ခွင်းက မေးလေဟုဆိုပြီး ဆိုဖာမှထကာ ဝိုင်ပုလင်းလေးများတင်ထားရာ စင်လေးဆီလျှောက်သွားသည်။ ခွင်း၏ အလုပ်ခန်းထဲတွင် တန်ဖိုးကြီးဝိုင်များနှင့် ဝီစကီများစွာရှိသည်။ ခွင်းက မက်မက်မောမော သောက်လေ့မရှိသော်လည်း တစ်ခါတရံတော့ စိတ်ပါလျှင်ယူသောက်သည်။ ဒေါ်လာ သောင်းချီတန်မှစပြီး ဒေါ်လာ သိန်းချီတန်သည့်အထိ အစီရီပုလင်းလေးများက မြင်ရသူတို့ ရင်သပ်ရှုမောဖွယ်ရာ။ ထိုအရာက ခွင်း အလုပ်ခန်း၏ ဆွဲဆောင်မှုများထဲမှတစ်ခု။
"မင်း.. ရာ့ကို တကယ်ချစ်တာလား ခွင်း.. မဟုတ်ဘူး.. တကယ်ချစ်မိသွားပြီလား"
"အဟင်း.. ဘယ်လိုထင်လို့လဲ.. "
"မင်းရဲ့ ပုံစံက တစ်ခုခုပဲ ခွင်း.. ငါ မင်းအကြောင်းကိုသိတာပေါ့ ခွင်း.. ငါတို့က အတူတူကြီးပြင်းလာတာ.."
"အင်း.. မင်းထင်တာ ပြောကြည့်လေ.."
"မင်း.. ရာကို ကစားနေတာလား"
ခွင်းက မဖြေ။ ခွင်းက Romanee – Conti ကို ယူပြီး ဝိုင်ခွက် (၂) ခွက်ယူကာ ငှဲ့လိုက်၏။ ထို့နောက် ဝေမင်းဆီ တစ်ခွက်ကို ကမ်းပေးလိုက်သည်။ ဝေမင်းက ဝိုင်ခွက်ကို လှုပ်ပြီး တစ်ငုံကို သောက်လိုက်၏။
"Romanee – Conti.. ၁၉၄၅ ခုနှစ်က ထုတ်ခဲ့တာ။ ပုလင်း (၆၀၀) ထုတ်လုပ်ခဲ့ပေမယ့် (၂) ပုလင်းပဲ ဈေးကွက်ထဲရောက်သေးတယ်.. ဈေးနှုန်းက ဒေါ်လာ (၅) သိန်းကျော် မြန်မာငွေ သိန်းပေါင်း (၂၀,၀၀၀) ဝန်းကျင်တန်မယ်.. မှန်လား"
VOCÊ ESTÁ LENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Ficção Adolescente(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။